မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းကပ်လှူခြင်းနှင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၂၇။ ။ တောင်ညွန့်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဟင်္သာတ​ကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်( ၉ )  နာရီအချိန်တွင်ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဌ ဟင်္သာတကျောင်း ဆရာတော် သီလပေးတရားဟောကြား၍ ဝါဆိုသက်န်းနှင့် လှုဖွယ်ပစည်းများဆပ်ကပ်လှုဒါန်းကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် တွေ့ဆုံပွဲပြုလုပ်

ရန်ကုန် ဇူလိုင် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် တွေ့ဆုံပွဲကို့ ယနေ့နံနက် ၁၀ နာရီအချိန်က သံလွင်လမ်းရှိ ပါတီဌာနချုပ်ရန်ကုန်ရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြသည်

အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ခရိုင်ဥက္ကဌများနှင့် မြို့နယ်ဥက္ကဌများက မိမိတို့မြို့ရွာများ၏ ပါတီဝင်စီစစ်ပြီးအခြေအနေနှင့် လှုပ်ရှားဆောင်ရွက်မှုများ ဒေသတွင်းလိုအပ်ချက်များအား မြို့နယ်အလိုက် တင်ပြခဲ့ကြသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင်များ စုပေါင်းသွေးလှူ ဒါန်းပွဲ ကျင်းပ

ရန်ကုန် ။ ။ဇူလှိုင် (၁၉)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်ကြီးမှူး၍ မြောက်ပိုင်းခရိုင် ပါတီဝင်များမှ  (၇၅)နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ယနေ့နံနက် ( ၈ )နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဆရက(၁)(၁၀၀၀)တပ်မတော် ဆေးရုံရှိ သွေးလှူဘဏ်တွင်ကျင်းပ ခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကင်း ဇူလိုင် ၂၀

ရန်ကင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့်ကော်မတီဝင်များမှ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အဆင့်ဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ။ ။ ဇူလှိုင် (၃)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး သည် (၂.၇.၂၀၂၂) နေ့လည်ပိုင်းက သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီ တာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပါတီ၏ ​ရှေ့ဆက်ဆောင်ရွက်မာ့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စာရေးကိရိယာများ ထောက်ပံ့

တောင်ဥက္ကလာ ဇူလိုင် ၃

တောင်ဥက္ကလာပမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်မိသားစုအတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုကြေးများ ပေးအပ်ချီးမြှင့်ခြင်း၊ ကျောင်းသားကျောင်းသူများအား စာရေးကိရိယာနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအခမ်းအနား  ပြုလုပ်ကျင်းပခဲ့ပါသည်။


ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

လှည်းကူး၊ ဇွန်၂၃

(၂၃-၆-၂၀၂၂)ရက် နေ့လည်၁၁:၃၀နာရီမှ၁၃:၀၀ )အချိန်ထိလှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ်ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှ ချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုအရံပါတီကော်မတီဝင်၊မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူးဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦး၊ ခရိုင်လူငယ်တွဲဖက်တာဝန်ခံ ဦးဇင်မင်းဗိုလ်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုး၊ မြို့နယ်ကော်မတီဝင်များနှင့် လှည်းကူးမြို့နယ်(၅၇) အုပ်စုရှိ ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ပါတီဥက္ကဌ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင် (စည်းရုံးရေးရာတာဝန်ခံ)တို့ မဂ်လာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဌများ၊ ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

မဂ်လာဒုံ၊ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌ၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်(စည်းရုံးရေးရာတာဝန်ခံ)နှင့် ခရိုင်လူငယ် တွဲဖက်တာဝန်ခံ ဦးဇင်မင်းဗိုလ် တို့ လိုက်ပါလျှက် မဂ်လာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဌများ၊ ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ ဇွန်လ၊  ၁၅ရက်  နေ့ လည် (၁၂:၀၀) နာရီအချိန် မှစတင်ကာ မဂ်လာဒုံမြို့နယ်ပါတီကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးဒေါ်စိုးဝတ်ရည် နိုင်ငံတော်သြဝါဒစရိယ ရွှေသုဝဏ်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

မေ ၂၉၊ ရန်ကုန်

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ် မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်(စနေနေ့)နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများက COVID-19 ကာကွယ်ကုသရေးအတွက် အလှူငွေ များ ပေးအပ်လှူဒါန်း

 

ရန်ကုန် အောက်တိုဘာ
ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများက ကမာရွတ်မြို့နယ် COVID -19 ကာကွယ်ကုသ ထိန်းချုပ်ရေး အဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးထံသို့ အလှူငွေကျပ် တစ်သိန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုကူညီကယ်ဆယ်ရေး (M.A.N) အသင်းဥက္ကဋ္ဌ ဦးသူရကြူထံသို့ အလှူငွေ တစ်သိန်းကျပ်တိတိကို ယမန်နေ့ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာသို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီသီမွန်၊ တိုင်း ဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကျော်နှင့် မြို့နယ်ပါတီမှ ဦးဗိုလ်စောတို့ လိုက်ပါ၍ လှူဒါန်း ခဲ့ကြကြောင်း သိရသည်။ဗိုလ်စော(ကမာရွတ်)