ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးဒေါ်စိုးဝတ်ရည် နိုင်ငံတော်သြဝါဒစရိယ ရွှေသုဝဏ်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

မေ ၂၉၊ ရန်ကုန်

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ် မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်(စနေနေ့)နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်၌ ပူဇော်ထားလျက် ရှိရာ တပည့်ဒါယကာမိသားစုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့မှ  သွားရောက်ဖူးမြော် ကန်တော့ကြည်ညိုခဲ့ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် ကျင်းပရေး အတွက် အလှူငွေနှင့် လှူဘွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။