ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာ စာသင်ကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

မေ ၂၉၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၉-၅-၂၀၂၂ ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ စာသင်ကျောင်းအား ကျောင်းတွင်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ရာသို့ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဖိုးသိန်း၊ ဦးကျော်ကျော်လတ်နှင့် ဇေယျာသီရိမြို့နယ်မှ မြို့နယ်ကော်မတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။