အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ပြည်ခိုင်ဖြိုးပါတီမှ ကြိုဆို

 

ကျိုက်ထို၊ ဧပြီ ၂၈

ယမန်နေ့ (28.4.2019) ရက်နေ့ မွန်းလွှဲ (၁၅:ဝဝ)နာရီတွင် ရှေ့တန်းစစ်မြေပြင်မှ အောင်ပွဲနှင့်အတူ ပြန်လာသော သိမ်ဇရပ် နယ်မြေ ခ.လ.ရ.(၂)ရှေ့တန်းပြန် တပ်မတော်သားများအား ကျိုက်ထို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်နယ် ပါတီ ကော်မတီဝင် ဦးဌေးလွင်၊မြို့နယ်ပါတီဥက္ကဌ ဦးဇေယျာဦး ၊မြို့နယ်ပါတီ ကော်မတီဝင် ဦးမြင့်ဆွေ ၊ ဒေါ်မြစန္ဒာဦး နှင့် ရပ်/ကျေး ပါတီဝင်များ မှ စားသောက်ဖွယ်ရာများ၊ ရေသန့်ဗူးများနှင့် အောင်သပြေများ ကမ်းလှမ်းကာ ကျန်းမာချမ်းသာပါစေ ဆုတောင်းသံများနှင့် ဂုဏ်ယူပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်