မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီနှစ်စဉ်ကြေး ပထမအကြိမ်စုပေါင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

မန္တလေး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က အမှာစကားပြောကြားပြီးနောက် ၂ဝ၁၈ ခုနှစ်အတွက် ပါတီ နှစ်စဉ်ကြေးများအား သက်ဆိုင်ရာခရိုင်အလိုက် စုပေါင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူးဦးသန်းထွန်းက လက်ခံရယူခဲ့သည်။

ထိုသို့ သက်ဆိုင်ရာခရိုင်အလိုက်ပေးအပ်ခဲ့ရာ တွင် မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှပါတီဝင် ၇၈၈ ဦး၊ ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၃၁ဝ၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၃၈၃ ဦး၊ မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၉၆၉ ဦး၊ မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၂၅၄ ဦး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီမှပါတီဝင် ၄ဝဝ နှင့် ညောင်ဦးခရိုင်ပြည်ခိုင်ဖြိုး ပါတီမှ ပါတီဝင်၂၄၉ ဦးစသည်တို့အတွက်ပါတီဝင် နှစ်စဉ်ကြေးတို့ကိုစုပေါင်း၍ ပါတီဝင် ၃၃၅၃ ဦး အတွက် ၂ဝ၁၈ ခုနှစ် ပထမအကြိမ် ပါတီနှစ်စဉ် ကြေးများကို စုပေါင်းပေးအပ်ခဲ့သည်။

၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေးများအား သက်ဆိုင်ရာခရိုင်အလိုက် စုပေါင်းပေးအပ်ပြီးနောက် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ် ပုံမှန်အစည်းအဝေးအမှတ်စဉ်(၄/၂ဝ၁၈)အား အခမ်း အနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ ကြောင်း သိရသည်။

သုတ