မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ လုပ္ငန္းညႇိႏွိင္းအစည္းအေဝးသိုဗဟိုအလုပ္အမႈေဆာင္တက္ေရာက္

မႏၲေလး စက္တင္ဘာ ၂၄

၂၄-၉-၂၀၂၃ ရက္ေန႔ ၀၉:၃၀မွ၁၂:၃၀ အခ်ိန္ထိ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္၊ေပါင္းစပ္ညႇိႏွိင္းေရးမႈး ေဒါက္တာေမာင္သင္းႏွင့္တိုင္းေဒသႀကီး/ခရိုင္/ၿမိဳနယ္ပါတီေကာ္မတီဝင္မ်ား ေတြ႕ဆုံပြဲ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ တက္ေရာက္လာသူမ်ားက နိူင္ငံေတာ္အလံ အေလးျပဳကာ နိူင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ပါသည္။ ဆက္လက္၍ ပါတီဗဟိုအလုပ္အမႈေဆာင္၊ေပါင္းစပ္ညႇိႏွိင္းေရးမႈး ေဒါက္တာေမာင္သင္းက ေတြ႕ဆုံရျခင္း ရည္ရြယ္ခ်က္အား ရွင္းလင္းေျပာၾကားခဲ့ၿပီး ျပည္ခိုင္ၿဖိဳးပါတီဗဟိုဌာနခ်ဳပ္မွ ခ်မွတ္ေဆာင္ရြက္လ်က္ရွိေသာ ေရတို/ ေရရွည္လုပ္ငန္းစီမံခ်က္မ်ား၊ျပည့္မ႑ိဳင္က႑၊Project Cycle Management လုပ္ငန္းစဥ္မ်ား၊ပါတီေအာင္နိူင္ေရးအတြက္ စည္း႐ုံးေဆာင္ရြက္သြားရမည့္ လုပ္ငန္းစဥ္မ်ား၊လူငယ္/အမ်ိဳးသမီး ပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေရး လုပ္ငန္းစဥ္မ်ား၊ပါတီတြင္း စည္းလုံးညီညြတ္ေရးႏွင့္ပါတီေတာင့္တင္းခိုင္မာေရးအတြက္ အေလးထားေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား၊ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွ သတ္မွတ္ထားသည့္ ပါတီဝင္အင္အား ျပည့္မီေရးအတြက္ အေလးထား ေဆာင္ရြက္သြားရမည့္ လုပ္ငန္းစဥ္မ်ားအား အက်ယ္တဝင့္ ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
၎ေနာက္ ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီ ဥကၠဌ ဦးေအာင္ေက်ာ္မိုးက ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က မႏၲေလးတိုင္းေဒသႀကီးပါတီမွ ပုံစံ(ဇ)ျဖင့္ တင္ျပထားသည့္ ပါတီဝင္အင္အားစာရင္းအေပၚ စီစစ္ေတြ႕ရွိခ်က္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ၿမိဳနယ္မ်ားအေနျဖင့္ သတ္မွတ္ပါတီဝင္အင္အား ျပည့္မီေရးအတြက္ ၿမိဳနယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲခြဲမ်ားႏွင့္ ခ်ိတ္ဆက္ ညႇိႏွိင္း ေဆာင္ရြက္သြားေရး လုပ္ငန္းစဥ္အားလည္းေကာင္း၊Application ျဖင့္ ပါတီဝင္ပုံစံျဖည့္သြင္းေရး လုပ္ငန္းစဥ္အား ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္ခ်က္အတိုင္း ေဆာင္ရြက္သြားေရး၊ျပည့္မ႑ိဳင္ဆုံဆည္းရာ ေတြ႕ဆုံပြဲျပဳလုပ္ရျခင္းရည္ရြယ္ခ်က္မ်ားအားလည္းေကာင္း၊ၿမိဳနယ္မ်ားအလိုက္ မသန္စြမ္းသူမ်ားႏွင့္ ထိေတြ႕စည္း႐ုံး ေဆာင္ရြက္သြားေရး လုပ္ငန္းစဥ္မ်ားအားလည္းေကာင္း ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ တိုင္းေဒသႀကီးပါတီ အတြင္းေရးမႈး ဦးညြန္႔ေဆာင္က မႏၲေလးတိုင္းေဒသႀကီးပါတီမွ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သို ပုံစံ(ဇ)ျဖင့္ ပါတီဝင္အင္အား တင္ျပထားမႈ အေျခအေနမ်ား၊ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲဝင္ မႏၲေလးတိုင္းေဒသႀကီးတာဝန္ခံႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့မႈ အေျခအေနမ်ားႏွင့္ၿမိဳနယ္ပါတီမွသက္ဆိုင္ရာ ၿမိဳနယ္ေကာ္မရွင္ အဖြဲခြဲမ်ားႏွင့္ခ်ိတ္ဆက္ကာ ပါတီဝင္အင္အားစီစစ္ျခင္းလုပ္ငန္း ေဆာင္ရြက္သြားရန္တိုအား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။၎ေနာက္ ခရိုင္/ၿမိဳနယ္ပါတီဥကၠဌမ်ားက ၿမိဳနယ္အလိုက္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲမ်ားႏွင့္ေတြ႕ဆုံကာ ပါတီဝင္အင္အား စီစစ္ေရးလုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ေတြ႕ရွိခ်က္အေျခအေနမ်ားအား ေဆြးေႏြးတင္ျပခဲ့ၿပီး တင္ျပခ်က္မ်ားအေပၚ ပါတီဗဟိုအလုပ္အမႈေဆာင္၊ေပါင္းစပ္ညႇိႏွိင္းေရးမႈး ေဒါက္တာေမာင္သင္းက ျပန္လည္ရွင္းလင္းေဆြးေႏြးကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ပါသည္။
ယေန႔က်င္းပျပဳလုပ္သည့္ ေတြ႕ဆုံပြဲသို ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ေပါင္းစပ္ညႇိႏွိင္းေရးမႈး ေဒါက္တာေမာင္သင္း၊ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္၊ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ေအာင္ေျမသာစံခရိုင္၊မဟာေအာင္ေျမခရိုင္၊အမရပူရခရိုင္တိုမွ ဥကၠဌ၊အတြင္းေရးမႈးႏွင့္ေကာ္မတီဝင္မ်ား၊အဆိုပါ ခရိုင္မ်ားအတြင္းရွိ ေအာင္ေျမသာစံ၊ခ်မ္းေအးသာစံ၊မဟာေအာင္ေျမ၊ခ်မ္းျမသာစည္၊ျပည္ႀကီးတံခြန္၊အမရပူရ၊ပုသိမ္ႀကီးၿမိဳနယ္တိုမွ ဥကၠဌ၊အတြင္းေရးမႈးႏွင့္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။

==========================

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးသိုဗဟိုအလုပ်အမှုဆောင်တက်ရောက်

မန္တလေး စက်တင်ဘာ ၂၄
၂၄-၉-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၂:၃၀ အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ပေါင်းစပ်ညှိနှိင်းရေးမှုး ဒေါက်တာမောင်သင်းနှင့်တိုင်းဒေသကြီး/ခရိုင်/မြိုနယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသူများက နိူင်ငံတော်အလံ အလေးပြုကာ နိူင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊ပေါင်းစပ်ညှိနှိင်းရေးမှုး ဒေါက်တာမောင်သင်းက တွေ့ဆုံရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှ ချမှတ်ဆောင်ရွက်လျက်ရှိသော ရေတို/ ရေရှည်လုပ်ငန်းစီမံချက်များ၊ပြည့်မဏ္ဍိုင်ကဏ္ဍ၊Project Cycle Management လုပ်ငန်းစဥ်များ၊ပါတီအောင်နိူင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များ၊လူငယ်/အမျိုးသမီး ပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး လုပ်ငန်းစဥ်များ၊ပါတီတွင်း စည်းလုံးညီညွတ်ရေးနှင့်ပါတီတောင့်တင်းခိုင်မာရေးအတွက် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်အင်အား ပြည့်မီရေးအတွက် အလေးထား ဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မန္တလေးတိုင်းဒေသကြီးပါတီမှ ပုံစံ(ဇ)ဖြင့် တင်ပြထားသည့် ပါတီဝင်အင်အားစာရင်းအပေါ် စီစစ်တွေ့ရှိချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြိုနယ်များအနေဖြင့် သတ်မှတ်ပါတီဝင်အင်အား ပြည့်မီရေးအတွက် မြိုနယ် ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲများနှင့် ချိတ်ဆက် ညှိနှိင်း ဆောင်ရွက်သွားရေး လုပ်ငန်းစဥ်အားလည်းကောင်း၊Application ဖြင့် ပါတီဝင်ပုံစံဖြည့်သွင်းရေး လုပ်ငန်းစဥ်အား ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားရေး၊ပြည့်မဏ္ဍိုင်ဆုံဆည်းရာ တွေ့ဆုံပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအားလည်းကောင်း၊မြိုနယ်များအလိုက် မသန်စွမ်းသူများနှင့် ထိတွေ့စည်းရုံး ဆောင်ရွက်သွားရေး လုပ်ငန်းစဥ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်က မန္တလေးတိုင်းဒေသကြီးပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို ပုံစံ(ဇ)ဖြင့် ပါတီဝင်အင်အား တင်ပြထားမှု အခြေအနေများ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံနှင့်တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများနှင့်မြိုနယ်ပါတီမှသက်ဆိုင်ရာ မြိုနယ်ကော်မရှင် အဖွဲခွဲများနှင့်ချိတ်ဆက်ကာ ပါတီဝင်အင်အားစီစစ်ခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်တိုအား ဆွေးနွေးပြောကြားခဲ့ပါသည်။၎င်းနောက် ခရိုင်/မြိုနယ်ပါတီဥက္ကဌများက မြိုနယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲများနှင့်တွေ့ဆုံကာ ပါတီဝင်အင်အား စီစစ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊တွေ့ရှိချက်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်အမှုဆောင်၊ပေါင်းစပ်ညှိနှိင်းရေးမှုး ဒေါက်တာမောင်သင်းက ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ပေါင်းစပ်ညှိနှိင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အောင်မြေသာစံခရိုင်၊မဟာအောင်မြေခရိုင်၊အမရပူရခရိုင်တိုမှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊အဆိုပါ ခရိုင်များအတွင်းရှိ အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရ၊ပုသိမ်ကြီးမြိုနယ်တိုမှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။