ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်မှ ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော် မတီမှ ဗဟိုပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးတင်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းမီဒီယာတာဝန်ခံဦးကျော်စိုး၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီကော်မတီဝင်ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီနာယက ဦးဝေဇင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှမြင့်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၈၅ ဦး တက်ရောက်ကြသည်။

အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြု ၍ ဖွင့်လှစ်ခဲ့ပြီး ဗဟိုပါတီကော်မတီဝင် နယ်မြေ တာဝန်ခံဦးတင်အောင်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးလှမြင့်က ရပ် ကွက်ပါတီဥက္ကဋ္ဌများကိုယ်စား ရပ်ကွက်ပါတီ ဥက္ကဋ္ဌတစ်ဦးအား တာဝန်ပေးအပ်လွှာများပေး အပ်၍ ရပ်ကွက်ပါတီဥက္ကဋ္ဌများကိုယ်စား ရပ် ကွက်ပါတီဥက္ကဋ္ဌတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ဒေါပုံ)