ရပ်ကွက်၊ကျေးရွာပါတီ ( ပ /ဒု ) ခေါင်းဆောင်များကတိသစ္စာခံယူပွဲ ကျင်းပ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက် /ကျေးရွာ ပါတီ (ပ /ဒု) ခေါင်းဆောင်များ ကတိသစ္စာခံယူပွဲ အခမ်းအနားကို (၁၃-၈-၂၀၁၆) ရက်နေ့ နံနက်(၉)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့မိမြို့ဖများက သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးညွန့်ဝင်းက အဖွင့် အမှာစကားပြောကြားပြီးနောက် ရပ်ကွက်ကျေးရွာပါတီ ခေါင်းဆောင်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဌ ဦးထွန်းဖေ နှင့် ကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာပါတီ ( ပ/ ဒု ) ခေါင်းဆောင်များ စုစုပေါင်း (၉၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Nyunt Win