ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒက္ခိဏသီရိမြို့နယ် ပါတီဝင်လူငယ်များနှင့် တွေ့ဆုံ

 

နေပြည်တော် မေ ၂၆

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်အုပ်စု ရပ်/ကျေး ပါတီရုံး၌ ယမန်နေ့ နံနက် ၈နာရီတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးနှင့် ပါတီဝင်လူငယ်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်းက ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ၊ မိမိတို့ပြည်ခိုင် ဖြိုးပါတီ၏ လက်ရှိဆောင်ရွက်နေမှုများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး လူငယ်အဖွဲ့ ထပ်မံဖွဲ့စည်းရေးနှင့် လူငယ်၏ အခန်းကဏ္ဍ၊ လူငယ် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)