ပြည်ခိုင်ဖြိုးပါတီ တပ်ကုန်းမြို့နယ် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

နေပြည်တော် မေ ၂၆

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကျေးရွာများသို့ သွားရောက်၍ ပါတီဝင်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းရေနွေးကြမ်းစကားဝိုင်းကို ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်မျိုးသိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်နှင့် ပါတီကော်မတီဝင်များက ရှောက်ကုန်းအုပ်စု ပုဏ္ဍာမာ ကျေးရွာရှိ ရပ်/ကျေးကော်မတီဝင် ဦးနေမင်းနေအိမ်၌ လည်းကောင်း၊ နံနက် ၁၁ နာရီတွင် အောင်မြေရိပ်သာ ကျေးရွာအုပ်စု ဒယောက်ကူ ကျေးရွာ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးမြမောင်နေအိမ်၌ လည်းကောင်း ပါတီဝင်များ၊ ပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး အကြောင်းအရာများ ပြောဆိုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)