ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူများဘဝ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

 

ခင်ဦး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ပြည်သူများ ဘဝလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ တိုင်းဒေသကြီး၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးသန်းဝင်းထွန်း နှင့် ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီတာဝန်ခံ ဦးအောင်မျိုးငြိမ်းတို့က ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီဝင်များအား စဉ်ဆက်မပြတ် ပါတီရေးရာကိစ္စများ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းမြင့်က မိမိတို့မြို့နယ် အတွင်းရှိ ဆောင်ရွက်လျက်ရှိသော ပါတီလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ဒေသခံ ပြည်သူများ၏ ဘဝလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။စံ(ခင်ဦး)