ပြည်သူများ ဝမ်းရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်အတွက် ယင်နှိမ်နင်းရေးလုပ်ငန်းများကို ပြည်ခိုင်ဖြိုး ပါတီဆောင်ရွက်

မန္တလေးခရိုင်အတွင်းနေထိုင်သော ပြည်သူများအား ဝမ်းရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယင်နှိမ်နင်းရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ စီမံမှုဖြင့် တိုင်းဒေသကြီးပါတီကဦးဆောင်၍ မေလ (၂၅) ရက် နံနက် (၁ဝ) နာရီမှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ ယင်နှိမ် နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မန္တလေးခရိုင် ခုနစ် မြို့နယ် ဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြ သာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များမှ ရပ်ကွက်များအတွင်းရှိ ယင်ပေါက်ဖွားမှုအဓိကကျသော နေရာများကို ဆေးဖျန်းခြင်းများကို ပြည်ခိုင်ဖြိုးပါတီဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။

”တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပြောထားတဲ့ မေတစ်ကောင် ဇွန်တစ်ထောင်ဆိုတဲ့ စကားအတိုင်း ဒီမေလ အတွင်းမှာ ယင်တစ်ကောင်ကို မနှိမ်နင်းနိုင်ခဲ့ရင် လာမယ့်ဇွန်လမှာ ယင်အကောင်တစ်ထောင်အထိ တိုးပွားလာမှာပါ။ အဲဒီလို ယင်ကောင်တွေတိုးပွားလာရင် ပြည်သူတွေအတွက် ဝမ်းရောဂါဖြစ်ပွားမှု တွေရှိလာနိုင်ပါတယ်။ အဲဒီလိုတွေဖြစ်မလာရေးအတွက် တိုင်းဒေသကြီးပါတီကနေ ဦးဆောင်ပြီး ယင် နှိမ်နင်းရေးလုပ်ငန်းတွေကို ရပ်ကွက်တွေမှာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာပါ” ဟု မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဘိုသင်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီမှယင်နှိမ်နင်း ရေးလုပ်ငန်းများ ဆောင်ရွက်ရာနေရာများသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသည့် ဦးသောင်းဝေ၊ ဦးသိန်းလှ၊ ဒေါ်မြင့်မြင့်ဦး၊ မန္တလေးခရိုင်ပါတီအတွင်း ရေးမှူး ဦးဘိုသင်း၊ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဆန်းတို့ကကြီးကြပ်ကာ မြို့နယ်ခုနစ်မြို့နယ်မှ အတွင်း ရေးမှူးများနှင့် မြို့နယ်ကော်မတီ ဝင်များ၊ပါတီဝင်များလိုက်ပါ၍ပြည် သူများအား ကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)


Leave a Reply