မိုင်းပျဉ်းမြို့ ၊ အောက်ဈေးတန်းရပ်ကွက်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းဟောပြောခြင်း နှင့် ရပ်ကွက်တွင်းနေပြည်သူများ၏ လိုအပ်ချက်များ ကောက်ယူခြင်း

 

မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်နေ ပြည်သူများ မြို့နယ်လွှတ်တော်၏ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ သိရှိနိုင်ရေး ဟောပြောခြင်း နှင့် ရပ်ကွက်တွင်းနေ ပြည်သူများ တင်ပြလာသော လိုအပ်ချက်များ ကောက်ယူခြင်းကို အောက်တိုဘာ (၁၃) ရက်နေ့ညနေပိုင်းက မြို့လယ်ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မိုင်းပျဉ်းပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် က ရှင်းလင်းဟောကြားပါသည်။ အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပါတီကော်မတီ ဦးချာဟူ ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်နန်းကိန်နွန်း ၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဒေါ်နန်းပင်းတစ်ပ် ၊ မြို့နယ်အရန်ပါတီကော်မတီဝင် ဒေါ်နန်းနော် ၊ မြို့နယ်ပါတီစည်းရုံးရေးမှူး ဒေါ်နန်းဝို နှင့် ပါတီစာရေးများ လိုက်ပါ၍ ရပ်ကွက်နေ ပြည်သူလူဦးရေ( ၅၆) ဦး ခန့်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသူ ပြည်သူအများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးစာသားနှင့် တံဆိပ်ပါ ဘောပင်တစ်ချောင်းဆီကို ဝေငှပေးခဲ့ပါသည်။ ဟောပြောပွဲကို (၇:၄၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

မိုင်းပျဉ်း ပြည်ခိုင်ဖြိုး မီဒီယာ