ပုသိမ်ခရိုင်အတွင်းရှိ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

 

မေ ၁၅၊ ပုသိမ်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၁၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌများ ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် တိုင်းပါတီရုံး ခန်းမတွင် တွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသူများအား ပါတီဗဟိုအတွင်းရေးမှူးမှ မိမိတို့ပါတီ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ လွှတ်တော်ကိစ္စရပ် များအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။