ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ကိုရီးယားနိုင်ငံ ဆေးကုသရေး အဖွဲ့ ပူးပေါင်း ပြည်ထောင်စုနယ်မြေတွင် ပြည်သူ ၁၂ဝဝ အား အခမဲ့ဆေးဝါးကုသ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုဗ္ဗသီရိမြို့နယ် ပါတီရုံး၌ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတနိုင်ငံမှ Global Hope ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူ ၁၂ဝဝ ဦးတို့အား သြဂုတ်လ (၂) ရက် နံနက် ၉ နာရီက အခမဲ့ ဆေးဝါးကုသပေးခဲ့သည်။

Poba2 Poba4

ကိုရီးယားနိုင်ငံမှ Mr. Lee Jaegee ဦးဆောင်သော ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန် ဆရာမ ၄၅ ဦးအဖွဲ့က အခမဲ့ကုသပေးခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ နေပြည်တော်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဆေးဝါးအခမဲ့ကုသခြင်းအား ယခုလ ၁၂ ရက်နှင့် ၁၃ ရက် နှစ်ရက်တိုင်တိုင် စုစုပေါင်းလူနာ ၂ဝဝဝခန့် ကုသ ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး၊ ကိုကိုလွင်(နေပြည်တော်)


Leave a Reply