မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရီးသွားပြည်သူများအတွက် နားနေဆောင်ဖွင့်လှစ် ရေသန့်ဘူးများလှူဒါန်း

 

မြောင်းမြ ဧပြီ ၎

မြောင်းမြကြိုးတံတား ပြတ်ကျမှုဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိရာ မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှ ဇက်ရေယာဉ်ဖြင့် ပို့ဆောင်နေစဉ် ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြောင်းမြမြို့နယ်ပါတီရုံးအား ခရီးသည်များနားနေရန် စီစဉ်ထားခြင်းနှင့် ရေသန့်ဘူးများ အခမဲ့ ဖြန့်ဝေပေးခြင်းများကို ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးပြုံးချို၊ မြောင်းမြခရိုင်ကော်မတီဝင် ဦးလှမြင့်ထူး၊ မြောင်းမြမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမော်၊ မြောင်းမြမြို့နယ်ပါတီ လူငယ်တာဝန်ခံ ဦးအောင်နိုင်ဦးတို့က ဦးဆောင်လျက် လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည်။

ထူးထူး(မြောင်းမြ)