ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် သရက်ပင်ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်အုတ်တွင်းမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ယမန်နေ့ မွန်းလွဲ ပိုင်းက ခရိုင်/မြို့နယ် ပါတီ ကော် မတီဝင်များနှင့်အတူ သရက်ပင် မောင်နှမအုပ်စု သရက်ပင် ကျေး ရွာ ဦးပြုံးခြံဝင်းအတွင်း ဒေသခံ မဲဆန္ဒရှင်ပြည်သူများနှင့်ရင်းနှီးစွာ မိတ်ဆက်ပြီးပါတီ၏မူဝါဒလမ်းစဉ် များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝင်းမြင့်က အမှန် တကယ်ရိုးသားဖြူစင်သော ကျေး ရွာနေပြည်သူများကို စကားလုံး လှလှများနှင့် မဖြစ်နိုင်မှုများကို ပြောကာ ကတိများလွယ်လွယ် မပေးခဲ့ဖူးကြောင်း၊ ပြည်သူများကို ရိုသေလေးစားသောအားဖြင့် ဖြစ် နိုင်တာများကို သာပြောပြီး ကတိ တွေတည်အောင်လုပ်ပါမည် စကားလုံးလှလှများနှင့် မဲရအောင် မပြောဆိုတတ်ကြောင်း၊ ပြည်သူ တွေ ဘဝလှပအောင် ကြိုးစားအား ထုတ်သွားပါမည်ဖြစ်ကြောင်း၊အပြော မဟုတ်အလုပ်နှင့်သာ သက်သေပြ ချင်ကြောင်း၊ ပြည်သူများ၏လိုအပ် ချက်ကို ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး
ဦးနိုင်ဝင်းကရိုးသားဖြောင့်မတ်သော၊ စွမ်းဆောင်ရည်ရှိသော အမတ် လောင်းအားသေသေချာချာ စိစစ်မဲ ပေးကြဖို့နှင့် မဲဆန္ဒရှင်များ မဲပေး ရာတွင်မှန်ကန်သောမဲပေးနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။

ကိုကြည်(အုတ်တွင်း)