ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္း/ခရိုင္/ၿမိဳ႕နယ္ လုပ္ငန္းညႇိႏွိင္း အစည္းအေဝး ျပဳလုပ္

ရန္ကုန္ စက္တင္ဘာ ၂၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္း/ခရိုင္/ၿမိဳနယ္ပါတီ လုပ္ငန္းညႇိႏွိင္း အစည္းအေဝးအား စက္တင္ဘာလ (၂၃) ရက္ေန႔ မြန္းတည့္ (၁၂း၀၀)နာရီက ရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အစည္းအေဝးတြင္ ျပည္ခိုင္ၿဖိဳးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီဥကၠဌ ဦးခင္ေမာင္စိုးက အဖြင့္အမွာစကားေျပာၾကားရာတြင္ မိမိပါတီဝင္အင္အား မွန္ကန္မႈရွိေစေရး ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ား၊ ျပည့္မ႑ိဳင္စီမံခ်က္ ကိစၥရပ္မ်ား၊ ရက္ (၉၀) စီမံခ်က္မ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္ေရး ကိစၥရပ္မ်ား၊ ေရြးေကာက္ပြဲေအာင္နိုင္ေရးကိစၥရပ္မ်ားႏွင့္ ပါတီမွတ္ပုံတင္ျခင္းႏွင့္ ပတ္သက္ေသာ ကိစၥရပ္မ်ား၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္သို တင္ထားေသာ မိမိပါတီဝင္အင္အားစာရင္း တိက်မွန္ကန္မႈရွိေစေရး စသည္ျဖင့္ အမွာစကားေျပာၾကားခဲ့ပါသည္။
အစီစဥ္အရ တိုင္းေဒသႀကီး ပါတီအတြင္းေရးမႉး ဦးေအာင္ေက်ာ္မင္းမွ ေရးရာက႑အလိုက္ လိုက္နာေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားအားလည္ေကာင္း ေရႊးေကာက္ပြဲေကာ္မရွင္မွ ပါတီ႐ုံးမ်ားစစ္ေဆးျခင္းႏွင့္ တိုက္ဆိုင္စစ္ေဆးမည့္ ပုံစံ(ဇ) တိုအား ခရိုင္/ၿမိဳနယ္မ်ားအလိုက္ စနစ္က်ေသခ်ာစြာ ျပင္ဆင္ထားရွိရန္
စသည့္အခ်က္မ်ားကို အက်ယ္တဝင့္ရွင္းလင္းေျပာၾကားခဲ့သည္။ ထိုေနာက္ တိုင္းေကာ္မတီဝင္မ်ားမွ ေရးရာအလိုက္ ေဆာင္ရြက္လုပ္ေဆာင္ရမည့္ ကိစၥရပ္မ်ားအား အသီးသီး ေဆြးေႏြး ေျပာၾကားခဲ့ၾကပါသည္။
ထိုေနာက္ တက္ေရာက္လာၾကေသာ (၁၄)ခရိုင္မွ ပါတီဥကၠဌမ်ားႏွင့္ ၿမိဳနယ္ပါတီဥကၠဌမ်ားမွ လတ္တေလာ UECမွ မိမိတိုပါတီ၏ ပါတီဝင္မ်ားအား စီစစ္ျခင္းႏွင့္ ပတ္သက္သည့္ ေျမျပင္ ကိစၥရပ္မ်ား ၊ပါတီဝင္မ်ား၏ လုံျခဳံေရးဆိုင္ရာကိစၥရပ္မ်ား၊ ကာလအေျခအေနမ်ားအရ လုပ္ေဆာင္ေနရသည့္ ေျမျပင္အခက္အခဲမ်ား၊ အႀကံျပဳတင္ျပခ်က္မ်ားအား ခရိုင္/ၿမိဳနယ္မ်ားအလိုက္ အသီးသီးတင္ျပခဲ့သည္။ အႀကံျပဳေဆြးေႏြးမႈမ်ားအေပၚ တိုင္းေဒသႀကီး ပါတီဥကၠဌမွ ေပါင္းစပ္ညႇိႏွိင္း ေဆာင္ရြက္ခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားခဲ့ကာ အစည္းအေဝးအား မြန္းလြဲ (၁)နာရီခြဲခန္႔တြင္ ႐ုပ္သိမ္းခဲ့သည္။

=========================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်
ရန်ကုန် စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင်/မြိုနယ်ပါတီ လုပ်ငန်းညှိနှိင်း အစည်းအဝေးအား စက်တင်ဘာလ (၂၃) ရက်နေ့ မွန်းတည့် (၁၂း၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိပါတီဝင်အင်အား မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည့်မဏ္ဍိုင်စီမံချက် ကိစ္စရပ်များ၊ ရက် (၉၀) စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များနှင့် ပါတီမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်သို တင်ထားသော မိမိပါတီဝင်အင်အားစာရင်း တိကျမှန်ကန်မှုရှိစေရေး စသည်ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။
အစီစဥ်အရ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းမှ ရေးရာကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအားလည်ကောင်း ရွှေးကောက်ပွဲကော်မရှင်မှ ပါတီရုံးများစစ်ဆေးခြင်းနှင့် တိုက်ဆိုင်စစ်ဆေးမည့် ပုံစံ(ဇ) တိုအား ခရိုင်/မြိုနယ်များအလိုက် စနစ်ကျသေချာစွာ ပြင်ဆင်ထားရှိရန်
စသည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် တိုင်းကော်မတီဝင်များမှ ရေးရာအလိုက် ဆောင်ရွက်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြပါသည်။
ထိုနောက် တက်ရောက်လာကြသော (၁၄)ခရိုင်မှ ပါတီဥက္ကဌများနှင့် မြိုနယ်ပါတီဥက္ကဌများမှ လတ်တလော UECမှ မိမိတိုပါတီ၏ ပါတီဝင်များအား စီစစ်ခြင်းနှင့် ပတ်သက်သည့် မြေပြင် ကိစ္စရပ်များ ၊ပါတီဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကာလအခြေအနေများအရ လုပ်ဆောင်နေရသည့် မြေပြင်အခက်အခဲများ၊ အကြံပြုတင်ပြချက်များအား ခရိုင်/မြိုနယ်များအလိုက် အသီးသီးတင်ပြခဲ့သည်။ အကြံပြုဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး ပါတီဥက္ကဌမှ ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား မွန်းလွဲ (၁)နာရီခွဲခန့်တွင် ရုပ်သိမ်းခဲ့သည်။