(၇၅)နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင်များ စုပေါင်းသွေးလှူ ဒါန်းပွဲ ကျင်းပ

ရန်ကုန် ။ ။ဇူလှိုင် (၁၉)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်ကြီးမှူး၍ မြောက်ပိုင်းခရိုင် ပါတီဝင်များမှ  (၇၅)နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ယနေ့နံနက် ( ၈ )နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဆရက(၁)(၁၀၀၀)တပ်မတော် ဆေးရုံရှိ သွေးလှူဘဏ်တွင်ကျင်းပ ခဲ့ကြောင်း သိရသည်။

 အဆိုပါသွေးလှုဒါန်းရာသို့  ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်   ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးနေလင်း ၊ ဒေါ်သင်းသင်းမိုး နှင့် ဆရက(၁)(၁၀၀၀)တပ်မတော်ဆေးရုံ တပ်မှုး ဗိုလ်မှုးချုပ် မြင့်ဇော် တို့က လှည့်လည် ကြည့်ရှုပြီး တပ်မှူး ဗိုလ်မှုးချုပ် မြင့်ဇော် မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်၍ သွေးလှုဒါန်းပေးသော မြောက်ပိုင်းခရိုင်မှ ပါတီဝင်များကိုကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး  ပါတီဥက္ကဌ နှင့်အတူ မြောက်ပိုင်းခရိုင် ပါတီဥက္ကဌ ဦးမင်းသူထွန်း၊ အတွင်းရေးမှုး ဒေါ်ချမ်းမြအေး နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများ၊ ကော်မတီဝင်များ၊ စေတနာရှင်သွေးလှူရှင် (၂၀၀)ဦးမှ ကျား(၈၁)မ(၃၆) စုစုပေါင်း (၁၁၇) ဦး တို့ တက်ရောက်၍ သွေးလှုဒါန်း ခဲ့ကြကြောင်း သိရသည်။