ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

၁၇.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကန်​ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ (၂၀၁၇- ၂၀၁၈) ခု ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားသို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ရာ အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၊ မြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ တိုင်းခရိုင်မြို့နယ် ကျေးလက်ဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ပြီး နံနက် ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသသည်။

Crd;