ကြာပိုင်ဓမ္မစကူးလ်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၂ဝဝ ကျော်အား တိုင်းခရိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နံနက်စာ အာဟာရဒါနပြု

 

မုံရွာ သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြာပိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသားကျောင်းသူ ၂၃၄ ဦးအား ယမန်နေ့ နံနက်ပိုင်းက တိုင်း/ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နံနက်စာအာဟာရ ဒါနပြုခဲ့ကြောင်း သိရသည်။ ကြာပိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသားကျောင်းသူ ၂၃၄ ဦးအား နံနက်စာအာဟာရ ဒါနပြုပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးခရိုင် ကော်မတီဝင်များ၊ မုံရွာခရိုင်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးပညာစိတ္တနှင့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဓမ္မစကူးလ်သင်တန်းသား သင်တန်းသူများကို နံနက်စာ အာဟာရဒါနပြုခဲ့ကြောင်း သိရသည်။ စိတ္တသုခေ ကျာင်းတိုက်တွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော ဓမ္မစကူးလ်ကျောင်း၌ ပထမတန်းတွင် ကျောင်းသား ကျောင်းသူ ၂၄ ဦး၊ဒုတိယတန်းတွင် ကျောင်းသား ကျောင်းသူ ၃ဝ၊ တတိယတန်းတွင် ကျောင်းသားကျောင်းသူ ၄၂ ဦး၊ စတုတ္ထတန်းတွင် ကျောင်းသားကျောင်းသူ ၃၉ ဦး၊ ပဉ္စမတန်း တွင် ကျောင်းသားကျောင်းသူ ၉၉ ဦးတို့ တက်ရောက်လျက် ရှိကြောင်းနှင့် ဝါတွင်းကာလ၌ အဖိတ်နေ့တွင် လည်းကောင်း၊ ဝါပကာလများ၌ တနင်္ဂနွေ နေ့တွင်လည်းကောင်း နံနက် ၈နာရီမှ ၁၁နာရီအထိ ဆရာဆရာမ ၁၁ ဦးတို့က သင်ကြားပေး လျက်ရှိကြောင်း သိရသည်။ ကျော်မျိုးအောင်(မုံရွာ)