ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

လှည်းကူး၊ ဇွန်၂၃

(၂၃-၆-၂၀၂၂)ရက် နေ့လည်၁၁:၃၀နာရီမှ၁၃:၀၀ )အချိန်ထိလှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ်ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှ ချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုအရံပါတီကော်မတီဝင်၊မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူးဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦး၊ ခရိုင်လူငယ်တွဲဖက်တာဝန်ခံ ဦးဇင်မင်းဗိုလ်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုး၊ မြို့နယ်ကော်မတီဝင်များနှင့် လှည်းကူးမြို့နယ်(၅၇) အုပ်စုရှိ ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် ဗဟိုအရံကော်မတီဝင်၊ ခရိုင်ပါတီဥက္ကဌဦးမင်းသူထွန်းမှ ဆဌမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး(၂၀၂၂) အတွေ့အကြုံနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လည်းကောင်း ပါတီအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များအားလည်းကောင်း၊ ခရိုင်အတွင်းရေးမှုး ဒေါ်ချမ်းမြအေးမှလက်ရှိနိူင်ငံရေးအခြေအနေနှင့် ပါတီတွင်းစည်းရုံးရေး၊ ပြည်သူလူထုအားစည်းရုံးရေးများ ဆက်လက်ဆောင်ရွက်သွားရန်တို့ကိုလည်းကောင်း၊ ခရိုင်ကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦးမှ မြို့နယ်နှင့် ရပ်ကျေးပြန်လည် ဖွဲ့စည်းရေးလုပ်ငန်းများ အမြန်ဆုံးဖွဲ့စည်းရေး၊ ပါတီဝင်တိုးပွားလာရေးစည်းရုံးရေးလမ်းစဉ်များ ချမှတ်ပေးခြင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်မှ မြို့နယ်၏ လက်ရှိအခွေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ခရိုင်ပါတီဥက္ကဌမှ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ခြင်း တက်ရောက် လာသူများမှ ပြန်လည်တင်ပြဆွေးနွေးမှုများအပေါ် ခရိုင်ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည်(၁၃:၀၀) အချိန်တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။