ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ပါတီဥက္ကဌ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင် (စည်းရုံးရေးရာတာဝန်ခံ)တို့ မဂ်လာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဌများ၊ ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

မဂ်လာဒုံ၊ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌ၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်(စည်းရုံးရေးရာတာဝန်ခံ)နှင့် ခရိုင်လူငယ် တွဲဖက်တာဝန်ခံ ဦးဇင်မင်းဗိုလ် တို့ လိုက်ပါလျှက် မဂ်လာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဌများ၊ ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ ဇွန်လ၊  ၁၅ရက်  နေ့ လည် (၁၂:၀၀) နာရီအချိန် မှစတင်ကာ မဂ်လာဒုံမြို့နယ်ပါတီကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊( ၈-၆-၂၀၂) မှ (၉-၆-၂၀၂၂) ရက် နေ့၊ နေပြည်တော် တွင် ကျင်းပပြုလုပ်ခဲ့သောပါတီ ဗဟိုကော်မတီအစည်းအဝေးမှ ပါတီဥက္ကဌကြီး ဦးသန်းဌေး၏ လမ်းညွှန်မှာကြားမှု့များအား ပြန်လည် ဝေမျှပြောကြား၍ပါတီဝင်များလိုက်နာကြရန်နှင့် ရပ်ကျေး အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေးအတွက် လိုအပ်သည်များမှာကြားခြင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေးမှ တက်ရောက်လာသောပါတီမိသားစုများအား ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား မှာကြားခြင်းနှင့် ခရိုင်ပါတီ ကော်မတီဝင် ဦးထွန်းထွန်းဦးမှ စည်းရုံးရေးရာနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ မဂ်လာဒုံမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမင်းနိုင်မှ မြို့နယ်၏ အချက်အလက်များ၊ ရပ်ကျေးပါတီဖွဲ့စည်းထားမှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် ပါတီလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ကြပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြခြင်းများပြုလုပ်ခဲ့ကြပြီး မဂ်လာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ အသစ်ဝင်ရောက်လာသောပါတီဝင်အသစ် (၈၃) ဦး၏ အဆိုပြုလွှာများအား မြို့နယ်ပါတီဥက္ကဌ မှ လွှဲပြောင်းပေးအပ်ခြင်းအား ခရိုင်ဥက္ကဌမှလက်ခံရယူပြီးနောက် ခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လည်(၁၄:၁၅)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

မဂ်လာဒုံ USDP – မီဒီယာ