“ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ မိဘပြည်သူများကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ပိုးသတ်ဆေးများ ပက်ဖြန်းလျှက်ရှိ”

 

အောက်တိုဘာ ၂၀၂၀ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုအဖြစ် ရပ်ကွက်အသီးသီးသို့ နေ့စဉ်ပိုးသတ်ဆေးများ ပက်ဖြန်း ပေးလျှက်ရှိရာ ယမန်နေ့တွင် အမှတ် (၂၂) ရပ်ကွက်မှ ရပ်ကွက်အပိုင်ရာအိမ်မှုးများ မိဘပြည်သူများ၏ တောင်းဆိုမှုအရ ကိုရိုနာဗိုင်းရပ် ကူးစက်လူနာများ နေထိုင်ခဲ့ရာလမ်းနှင့် အနီးပတ်ဝန်းကျင် လမ်းများဖြစ်သော မြတ်လေးလမ်းမ၊ မြတ်လေး(၃) (၄) (၅) (၆) (၇) (၈) လမ်းများ ၊ နွယ်နီပတ်လမ်း ၊ ရတနာပုံလမ်းမ တို့ကို ပိုးသတ်ဆေးများပက်ဖြန်းပေးခဲ့ရာ ပါတီဝင်များ အမောပန်းပြေစေရေး သောက်သုံးနိုင်ရန်အတွက် ရပ်ကွက်နေ ပြည်သူများမှ အချိုရည်ဗူးများ နှင့် ရေသန့်ဘူးများပြန်လည်လှုဒါန်းပေးခဲ့ပါသည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ ပိုးတွေ့လူနာအိမ်များသို့ ပိုးသတ်ဆေးများ ပက်ဖြန်းခြင်းနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့

 

အောက်တိုဘာ၊ရန်ကုန်

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်း သီလရှင်စာသင်တိုက်များအား အခြေခံ စားသောက်ကုန်လေးမျိုး လှူဒါန်း

 

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စက်တင်ဘာ ၃ဝ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက် လေးတိုက်အား အခြေခံစားသောက်ကုန် လေးမျိုးကို ကိုဗစ်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ အဆင်ပြေနိုင်စေရန် သွားရောက် လှူဒါန်းခဲ့ကြသည်။

မှော်ဘီမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မှော်ဘီမြို့နယ်အတွင်းရှိ Quarantine Center များအား ရေသန့်နှင့် Mask များ ပေးအပ်လှူဒါန်း

 

မှော်ဘီ၊ စက်တင်ဘာ ၂၉

မှော်ဘီမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ ၂၉-၉-၂၀၂၀ ရက်နေ့၌ မှော်ဘီမြို့နယ် အတွင်းရှိ Quarantine Center များဖြစ်သော နည်းပညာတက္ကသိုလ် (မှော်ဘီ) Quarntine Center၊ အ-ထ-က တပ်ကြီးကုန်း Quarantine Centerများသို့ ရေသန့်ကဒ် ၁၀၀ ကဒ်နှင့် Mask – အခုရေ ၂၀၀၀ တို့အား သွားရောက် လှူဒါန်းခဲ့သည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီအား စေတနာရှင်တစ်ဦးမှ ရေမလိုလက်သန့်ဆေးရည်များ လှုဒါန်းခြင်းနှင့် ပိုးသက်ဆေး ဖြန်းခြင်းများ ဆက်လက်ဆောင်ရွက်။

 

စက်တင်ဘာ၊ရန်ကုန်

တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကောလိယလမ်းမကြီးနှင့် လမ်းသွယ်များအား ဇီဝပိုးသတ်ဆေးရည်ဖျန်း

 

ရန်ကုန် စက်တင်ဘာ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပ မြို့နယ်ပါတီသည် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ် (၁၃) ရပ်ကွက်ရှိ ကောလိယလမ်းမကြီးနှင့် လမ်းသွယ်များအား ဇီဝပိုးသတ်ဆေးရည်များ ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။


ပြည်ခိုင်ဖြိုးပါတီမှ Quarantine ဝင်နေသော လူနာများအား အလှူငွေလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် Covid-19 Q ဝင်နေသောလူနာများအတွက် အလှူငွေများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Covid-19 Q ဝင်နေသောလူနာများအား လှည်းကူးမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြတ်စိုး၊ အတွင်းရေးမှူး ဦးကျော်ဌေး၊ ပါတီအောင်နိုင်ရေးနာယက ဦးအောင်မျိုးနိုင်နှင့်ဖောင်ကြီး နယ်မြေ တာဝန်ခံများမှ အလှူတော်ငွေ ကျပ်၁ဝ သိန်းအား သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ Q-Center သို့ အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များ မအူကျေးရွာတွင် ပိုးသတ်ဆေးဖျန်း

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မအူကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီလူငယ်များသည် ကျေးရွာအတွင်း Covid-19 ကာ ကွယ်ရေးအတွက် ယမန်နေ့နံနက် ပိုင်းက ပိုးသတ်ဆေးများလိုက်လံ ဖြန်းပေးခဲ့သည်။

Covid-19 ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်းကို လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးလူငယ်ခေါင်း ဆောင်လူငယ် အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကိုဗစ်ကာလတွင် ပြည်သူများအတွက် စားသောက်ကုန်များလည်း လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Door to Door ကွင်းဆင်းဆောင်ရွက်

 

ကျောက်မဲ စက်တင်ဘာ

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ကော်မတီများ၊ ပါတီဝန်းရံလူငယ် များသည် ယမန်နေ့က အမှတ် (၂) ရပ်ကွက် နယ်မြေ (၁၃၊ ၁၄၊၁၅) သို့ Door to Door စည်းရုံးရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။