ဒဂုံမြို့သစ် (တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ Q-Center သို့ အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းစဉ် များတွင် ထိရောက်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ အထက (၂) Quarantine Center သို့ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိဝင်နေသူများ အသုံးပြုနိုင်ရန်အတွက် တစ်ခါသုံး ကျန်းမာရေး KN ၉၅ဘူကြီးသုံးဘူး၊ ရော်ဘာ လက်အိတ်ဘူးကြီး သုံး ဘူးနှင့ှ်Q-Centerတွင် လာရောက်ကုသမှုခံယူသူများနှင့် ၄င်းနေရာတွင် တာဝန်ရှိသူအသီးသီး၏ တစ်နေ့တာ အစားအစာ များနှင့် လိုအပ်သည်များသုံးစွဲနိုင်ရန်အတွက် နေပြည်တော်မှအဘဆရာ ဦးထွန်းထွန်းနှင့် သားတပည့်များမှ အလှူ ငွေ ခုနစ်သိန်း ရှစ်သောင်းကျပ်အား Covid-19 ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူများအား မြို့နယ်ဥက္ကဋ္ဌ တိုင်းဒေသကြီး အမှတ်-၂ ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်အဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၄ဝ) ရပ်ကွက် ပါတီနာယက ဦးမောင်မောင်တိုး၏ တောင်းဆိုမှုဖြင့် ပိုးတွေ့လူနာ ဦးအောင်ဖေညွန့် (ကွယ်လွန်) ရတနာရွှေရည်လမ်းသည် ပိုးတွေ့ရှိကြောင်း သိရှိရသဖြင့် ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေး ဦးဆောင်မှုဖြင့် မြို့နယ်ကော်မတီဝင်များ၊ (၁၄ဝ) ရပ်ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ လူငယ်ထုအမျိုးသမီးထု အဖွဲ့ဝင်များမှ တစ်ရပ်ကွက်လုံးအနှံ့ ပိုးသတ်ဆေးပက်ဖြန်း ပေးခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)