ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်း သီလရှင်စာသင်တိုက်များအား အခြေခံ စားသောက်ကုန်လေးမျိုး လှူဒါန်း

 

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စက်တင်ဘာ ၃ဝ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက် လေးတိုက်အား အခြေခံစားသောက်ကုန် လေးမျိုးကို ကိုဗစ်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ အဆင်ပြေနိုင်စေရန် သွားရောက် လှူဒါန်းခဲ့ကြသည်။

ယင်းသို့ လှူဒါန်းခဲ့ရာတွင် မြို့နယ်အတွင်းရှိ သီလရှင်စာသင် တိုက်များဖြစ်ကြသော (၁၆) ရပ်ကွက် ဓမ္မဂုဏ်ရည် သီလ ရှင်တိုက်၊ (၄၆) ရပ်ကွက်ရှိ မဟာအောင်မြေ သမိဒ္ဓေါဒယ သီလရှင်တိုက်၊ (၄၈) ရပ်ကွက်ရှိ သုဝဏ္ဏ ဘူမိခေမာရာမ သီလရှင်တိုက်နှင့် (၅၁) ရပ်ကွက်ရှိ မြို့မဂုဏ် သီလရှင်တိုက်များသို့ တစ်တိုက်လျှင် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှင့် ကြက်ဥအလုံး ၃ဝ တို့ကို သွားရောက်လှူဒါန်း ခဲ့ကြသည်။ အဆိုပါ လှူဒါန်းခဲ့ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၊ အတွင်းရေးမှူး ဦးကျော်ထင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ ကမြို့နယ်သီလရှင် အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကျောင်းတိုက် ဆရာကြီးတို့အား လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

တင်ဆန်းအောင်(မ/ဒဂုံ)