ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၂၄) ရပ်ကွက်၊ဇီးကုန်းကျေးရွာအတွင်း Covid-19 ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း) ၏ စီစဉ်ပံ့ပိုးပေးမူဖြင့်၊ ရွှေပြည်သာပြည်ခိုင်ဖြိုး ပါတီနာယက ဦးရဲဆွေလှိူင် (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် ၁)၊ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် ၂၊ တို့နှင့် မြို့နယ်ကော်မတီဝင်များ အမှတ် (၂၄) ရပ်ကွက် ပါတီကော်မတီဝင်များနှင့်အတူ ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မူ့ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပါသည်။ဘိုတေ(ရွှေပြည်သာ)