မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ၊ ၆

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း ၀၀ နာရီတွင်​ တိုင်း​ဒေသကြီးပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ အခမ်းအနားသို့ ဗဟိုအလုပ်​အမှုဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်း​ဒေသကြီးပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်းနှင့်​ တိုင်း​ဒေသကြီးပါတီ​ကော်မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိ ခရိုင်​ (၅) ခရိုင်​နှင့် မြို့နယ်​(၂၅) မြို့နယ်​တို့မှ ပါတီဥက္ကဌများနှင့် အမျိုးသမီး​ရေးရာတာဝန်​ခံများ ‌စုစု​ပေါင်း (၁၀၀) ဦးခန့်​ တက်​​ရောက်​ခဲ့ကြပါသည်။
အခမ်းအနားတွင်​ တိုင်း​ဒေသကြီးပါတီဥက္ကဌနှင့် အတွင်း​ရေးမှူးတို့မှ အမှာစကားများ​ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးပါတီ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ယဉ်​ယဉ်​လှ မှ အမျိုးသမီးကဏ္ဍဆိုင်​ရာများ ရှင်းလင်း​ပြောကြားပါသည်​။ ဆက်​လက်​၍ ခရိုင်​/မြို့နယ်​ပါတီများ၏ ​ဆွေး​နွေးတင်​ပြချက်​များအ​ပေါ် တိုင်း​ဒေသကြီးပါတီဥက္ကဌ၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးနှင့် တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​သူဦးတို့မှ ပြန်​လည်​ရှင်းလင်း ​ဆွေး​နွေး
ဆောင်​ရွက်​ကြပါသည်​၊ ဆက်​လက်​၍ တိုင်း​ဒေသကြီးပါတီ​ကော်​မတီနှင့် ခရိုင်​/မြို့နယ်​ ပါတီဥက္ကဌများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို တိုင်း​ဒေသကြီးပါတီ အ​ပေါ်ထပ်​အစည်းအ​ဝေးခန်းမတွင်​ လည်း​ကောင်း၊ တိုင်း​ဒေသကြီးပါတီအမျိုးသမီး ​ရေးရာတာဝန်​ခံနှင့် ခရိုင်​/မြို့နယ်​ပါတီအမျိုးသမီး​ရေးရာတာဝန်​ခံများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို တိုင်း​ဒေသကြီးပါတီ ​အောက်​ထပ်​အစည်းအ​ဝေးခန်းမ၌ လည်း​ကောင်း အသီးသီး ပြုလုပ်​ခဲ့ကြပါသည်​။

မင်း​ဇော်