ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီအား စေတနာရှင်တစ်ဦးမှ ရေမလိုလက်သန့်ဆေးရည်များ လှုဒါန်းခြင်းနှင့် ပိုးသက်ဆေး ဖြန်းခြင်းများ ဆက်လက်ဆောင်ရွက်။

 

စက်တင်ဘာ၊ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ် (၅၃) ရပ်ကွက် စံပယ်လမ်းအတွင်း နေထိုင်သော လူငယ်တဦး Covid-19 ပိုး ကူးစက်မှုခံရကြောင့် လမ်းလူလမ်းသားများနှင့် အနီးတဝိုက် နေသူများ အတွက် ကာကွယ်မှုရရှိစေရန် ပိုးသတ်ဆေးများ ဖြန်းပေးစေလိုပါကြောင်း တောင်းဆိုမှုနှင့်အတူ သံဃာတော်များ ကပ်ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် (၅၄) ရပ်ကွက် စွယ်တော်ကျောင်းတိုက် အပါအဝင် ဘုန်းတော်ကြီးကျောင်းများ သီလရှင်ကျောင်းတိုက်များအား ပိုးသက်ဆေးပက်ဖြန်းခြင်းအား ဆောင်ရွက်ခဲ့ပြီး၊ ၁၀၅ ရပ်ကွက် မြဝတ်ရည်လမ်းတွင် ပိုးတွေ့တွေ့ရှိသဖြင့် အဆိုပါ နေအိမ်နှင့် ထိစပ်လမ်းများအား ရပ်ကွက် အုပ်ချုပ်ရေး မှုးနှင့် တာဝန်ရှိသူများလမ်းသူ လမ်းသားများ၏ တောင်းဆိုမှုအရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများမှ စီစဉ်မှုဖြင့် သွားရောက်၍ viruskiller(hypochloride) ပိုးသတ်ဆေးရည်များကို မြို့နယ်အကြံပေး ဦးမြင့်ဦးဦးဆောင်၍ မြိုနယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်ကျော်၊ ဦးဇော်မင်းထွန်း၊ ဦးခင်မောင်ဝင်း၊ အရန်ကော်မတီဝင် ဦးကျော်လင်း၊ ၅၃ ရပ်ကျေး ကော်မတီဝင်များ၊ ၁၀၅ ရပ်ကျေးဥက္ကဌ ဦးသန်းရှိန်နှင့်ကော်မတီဝင်များ၊ ပါတီဝန်းရံသူများ လိုက်ပါ၍ အဆိုပါရပ်ကွက် အသီးသီးသို့ ပိုးသက်ဆေးများ ပက်ဖြန်းပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆောင်ရွက်လျက် ရှိသော လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ် အတွင်း ပြည်သူများ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပါတီနာယက ဦးသက်ဦး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် “JK စက္ကူစက်” အမှတ် ၆၃ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး စက်မှုဇုန် (၂) မှ ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer) 500ml ပါ ဘူး ၂၀၀ ကို မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးသို့ လာရောက် လှုဒါန်းပေးခဲ့ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး (တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ်လောင်း)မှ လက်ခံရယူခဲ့ပြီး ရပ်ကွက်အသီးသီးရှိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် နေရာများသို့ ပြန်လည်မျှဝေ လှုဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဇော်မင်းထွန်း