မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကျောင်းဆောင်သစ်ပေးအပ်ပွဲပါတီဆိုင်းဘုတ်တင်ပွဲများသို့တက်ရောက်

 

မိတ္ထီလာ မတ် ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မိတ္ထီလာမြို့နယ် အုံတုံကျေးရွာအုပ်စု အုံတုံကျေးရွာအခြေခံပညာအလယ် တန်းကျောင်းကို Myanmar School Project t အစီအစဉ် ဖြင့်ကနေဒါနိုင်ငံမှ Mr. Roger နှင့် Ms. Sharon တို့မှ လှူဒါန်းသော Peace ကျောင်းဆောင်အား နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းပွဲနှင့် အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် မိတ္ထီလာ မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးသန်း၊အလှူရှင် Mr. Roger ၊ မိတ္ထီလာခရိုင်ဒုလက် ထောက်ပညာရေးမှူး ဒေါ်ခင်စန်း ကြည်၊ အုံတုံကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းဖြစ်မြောက် ရေးကော်မတီနာယကတို့က ဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုးသန်း ကအဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေး အပ်ခြင်းနှင့်အတူ မိတ္ထီလာခရိုင် ဒုလက်ထောက်ပညာရေးမှူးဒေါ်ခင် စန်းကြည်က အုံတုံကျောင်းအုပ် ဆရာမကြီးထံ ကျောင်းအဆင့်တိုး အမိန့် စာရွက်စာတမ်းများပေးအပ် ကာ ကနေဒါနိုင်ငံသား Mr. Roger ကမိမိတို့ကျောင်းလှူဒါန်းရခြင်းများ ကိုရှင်းလင်းပြောကြားပြီးအခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်ပါတီ ဥက္ကဋ္ဌ ဦးမိုးလွင်၊ အတွင်းရေးမှူး ဦးချစ်ထွေးနှင့် မြို့နယ်ကော်မတီ ဝင်တို့သည် သံဘိုအုပ်စုသံဘိုကျေး ရွာပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဋ္ဌ ဦးဝင်းနွယ်အိမ်၌လည်းကောင်း၊ဇရပ် ကုန်းအုပ်စု ဇရပ်ကုန်းကျေးရွာ မြို့ နယ်ကော်မတီဦးဘိုကံ၏ နေအိမ် ၌လည်းကောင်းပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားကိုကျင်းပခဲ့ကြောင်း သိရသည်။

စိုးလှိုင် (ထီလာ)