မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ တွင် ဇူလိုင်လ (၂၆) ရက် နေ့လည် (၁) နာရီ အချိန်က မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ထူး၊ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသက်ဦး၊ ဦးလန်းဘောမ်၊ ဦးသန်းလွင်ဦး၊ ဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ဂျာမိုင်အောင်၊ ဒေါ်လွမ်းနန်း၊ ဒေါ်ကေသွယ်ဦးတို့ တက်ရောက်ခဲ့ကြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply