ပြည်ခိုင်ဖြိုးပါတီမှ Quarantine ဝင်နေသော လူနာများအား အလှူငွေလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် Covid-19 Q ဝင်နေသောလူနာများအတွက် အလှူငွေများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Covid-19 Q ဝင်နေသောလူနာများအား လှည်းကူးမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြတ်စိုး၊ အတွင်းရေးမှူး ဦးကျော်ဌေး၊ ပါတီအောင်နိုင်ရေးနာယက ဦးအောင်မျိုးနိုင်နှင့်ဖောင်ကြီး နယ်မြေ တာဝန်ခံများမှ အလှူတော်ငွေ ကျပ်၁ဝ သိန်းအား သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကိုဗစ်ကာလအတွင်း ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ၊ နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာများအပြင် ရပ်ကွက်ကျေးရွာများအတွင်း ပိုးသတ်ဆေးဖျန်း ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

HMA