ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ ပိုးတွေ့လူနာအိမ်များသို့ ပိုးသတ်ဆေးများ ပက်ဖြန်းခြင်းနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့

 

အောက်တိုဘာ၊ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်မှုအဖြစ် ရပ်ကွက်အသီးသီးသို့ နေ့စဉ်ပိုးသတ်ဆေးများ ပက်ဖြန်းပေးလျှက်ရှိရာ ယနေ့တွင် အမှတ် (၂၂) ရပ်ကွက်မှ ရပ်ကွက်အပိုင်ရာအိမ်မှုးများ မိဘပြည်သူများ၏ တောင်းဆိုမှုအရ ကိုရိုနာဗိုင်းရပ် ကူးစက်လူနာများ နေထိုင်ခဲ့ရာလမ်းနှင့် အနီးပတ်ဝန်းကျင်လမ်းများဖြစ်သော မြတ်လေးလမ်းမ၊ မြတ်လေး (၃) (၄) (၅) (၆) (၇) (၈) လမ်းများ၊ နွယ်နီပတ်လမ်း၊ ရတနာပုံလမ်းမတို့ကို ပိုးသတ်ဆေးများ ပက်ဖြန်းပေးခဲ့ရာ ပါတီရပ်ကွက်နေ ပြည်သူ များမှ အချိုရည်ဗူးများ နှင့် ရေသန့်ဘူးများပြန်လည်လှုဒါန်း ပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆေးဖြန်းခြင်း လုပ်ငန်းများကို မြို့နယ်ပါတီဥက္ကဌ (တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း) ဒေါ်စမ်းစမ်းဌေး၏ စီမံမှုဖြင့်  မြို့နယ်ပါတီအကြံပေး ပုဂ္ဂိုလ် ဦးမြင့်ဦး ၊ မြို့နယ်ပါတီဘဏ္ဏာရေးမှုး ဦးစိန်သန်းတို့မှ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်ကျော် ၊ဦးခင်မောင်ဝင်းတို့မှ အရန်ကော်မတီဝင်များ လူငယ်အဖွဲ့ဝင် များနှင့် ရပ်ကွက်အပိုင်တာဝန်ရှိသူ ရပ်မိရပ်ဖများဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး ၂၂ ရပ်ကွက်ရှိ (Covid-19 positive) ပိုးတွေ့ရှိသူ လူနာအိမ်များသို့ ဒဂုံတောင်ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ထောက်ပံကူညီ ပေးပါသော အခြေခံစားကုန်ဆန် ဆီ ကြက်ဥတို့ကို ရပ်ကျေးပါတီဥက္ကဌ ဦးထိန်လင်းမှ ၎င်းတို့နေထိုင်ရာ အိမ်များဆီသို့ သွားရောက်ကူညီ ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။ ဇော်မင်းထွန်း