ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရက်ရှည်စက်ချုပ်သင်တန်းအခမဲ့သင်ကြားပို့ချ

 

ရန်ကုန် မတ် ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ်တွင် အမှတ် (၆) ရပ်ကွက် စုပေါင်းရုံးလမ်းရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး ၌အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ကိုရည်ရွယ်၍ စက်ချုပ်သင်တန်းကို ယခုလ ၁၈ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ ညနေ ၄နာရီအထိ သင်တန်းဆရာမဒေါ်သူဇာနှင့်အဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် ၏ ပြောပြချက်အရ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ

 

ရန်ကုန် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်း ဆင်းကုသရေးအဖွဲ့မှ (၄၇)ရပ်ကွက် ဓမ္မ နီတိဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ရပ်ကွက်အတွင်း သွားနှင့်ခံတွင်း ဝေဒနာရှင် ၃၆ ဦးအား အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့သည်။

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​စွမ်းရည်​မြှင့်​တင်​​ရေး ​အ​ထွေ​ထွေဥာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲ ကျင်းပ

 

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ကြီးမှူး၍ လူငယ်​စွမ်းရည်​မြှင့်​တင်​​ရေး ​အ​ထွေ​ထွေဥာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲကို (၂၁.၃.၂၀၁၈) ရက်​​နေ့ နံနက်​ (၉း၀၀) နာရီတွင်​ ခရိုင်​ပါတီရုံးတွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။
အခမ်​အနားသို့ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (အ​နောက်​ပိုင်းခရိုင်​နယ်​​မြေခွဲတာဝန်​ခံ) ဦးတင်​ဝင်း၊ ဦးတင်​လှိုင်​၊​ ဒေါ်သင်းသင်းမိုး၊ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (လူငယ်​တာဝန်​ခံ) ​ဒေါ်မိုးမိုးအိ၊ ​တောင်​ပိုင်းခရိုင်​ပါတီ​ကော်​မတီဝင်​ ​ဒေါ်​အေး​အေးမြင့ိ၊ အ​နောက်​ပိုင်းခရိုင်​ပါတီဥက္ကဌ ဦး​နေဝင်းနှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​ အ​နောက်​ပိုင်းခရိုင်​(၁၃)မြို့နယ်​မှ ပါတီဥက္ကဌ၊အတွင်း​ရေးမှူးနှင့်​ ပြိုင်​ပွဲဝင်​လူငယ်​တာဝန်​ခံများ တက်​​ရောက်​ခဲ့ကြပါသည်​။

ဒေါပုံပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကြီး မှူး၍ (၇၃)ကြိမ်မြောက် တပ် မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်း တည့် ၁၂ နာရီက ဒေါပုံမြို့နယ် မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုကာ ဖွင့်လှစ် ခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းက ပါတီ၏ မူဝါဒဆိုင်ရာများ၊ ပါတီ၏လှုပ်ရှား ဆောင်ရွက်မှုအခြေအနေများ ပြော ကြားခဲ့သည်။

ကျောက်​တန်းမြို့နယ်​ ပြည့်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းအမှတ်​စဉ် ​(၂/၂၀၁၈) ဖွင့်​ပွဲအခမ်းအနား ကျင်းပ

 

ရန်​ကုန်​​တောင်​ပိုင်းခရိုင်​ ​ကျောက်​တန်းမြို့နယ်​ ပြည့်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူးဖွင့်​လှစ်​​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းအမှတ်​စဉ် ​(၂/၂၀၁၈) ဖွင့်​ပွဲအခမ်းအနားကို မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင် မတ်လ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရပါသည်​။
အဆိုပါအခမ်းအနားတွင် ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့်ခရိုင်​ပါတီဥက္ကဌ ဦးလွင်​ဦးမြို့နယ်​ပါတီဥက္ကဌ ဦး​မောင်​​မောင်​တာနှင့်​ ရပ်​ကွက်​​ကျေးရွာများမှဥက္ကဌများ ၊ သင်​တန်းသားသင်တန်းသူ ၇၅ ဦးတက်ရောက်ကြရာ အခမ်းအနားတွင် ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးက အဖွင့်​အမှာစကား​ပြောကြားပြီး အခမ်းအနားကို ရုတ်​သိမ်းကာ ဆက်​လက်​၍သင်​တန်းကို ဆက်​လက်​ပို့ချခဲ့​ကြောင်းသိရသည်​။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်သစ်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မလေးရှားဝိုင်ကျေးရွာအုပ်စုရေစက် တောင်ရွာမကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ၌ ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီ ဝင်သစ် အဆိုပြုလွှာ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်များ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးတွင် ယနေ့မွန်းလွဲ ၂ နာရီက ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်း၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်မှ ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော် မတီမှ ဗဟိုပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးတင်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းမီဒီယာတာဝန်ခံဦးကျော်စိုး၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီကော်မတီဝင်ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီနာယက ဦးဝေဇင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှမြင့်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၈၅ ဦး တက်ရောက်ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌတာဝန်ပေးအပ်ရန် အကြိုညှိ့နှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီမှ စတင်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် အတွင်းရေးမှူး ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းထိုက်နှင့် ရေးရာတာဝန်ခံများ ၁၉/ရပ်ကွက်ရှိ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ရပ်ကွက်ပါတီရေးရာတာဝန်ခံများ စုစုပေါင်း ၇၅ ဦးတို့သည် ရပ်ကွက်ပါတီဥက္ကနှင့် ကော်မတီများ တာဝန်ပေးအပ်ပွဲ အကြို ညှိုနှိုင်းအစည်းအဝေးအား တက်ရောက်ကြပါသည်။ မြို့နယ် ပါတီဥက္ကဌ ဦးခင်မောင်မြင့်က လုပ်ဆောင်ရမည့်ပါတီလုပ်ငန်းစဉ်များကို လမ်းညွန်အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင်ရေးရာတာဝန်များက ရေးရာအလိုက်ေ ဆွးနွေးကြပါသည်။ တက်ရောက်လာသူများမှ မရှင်းလင်းသည့် ကိစ္စများဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဌမှလိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းပေးပြီး အစည်းအဝေးအား နေ့လည် (၂) နာရီတွင် အောင်မြင်စွာပြီးမြောက်ပါသည်။