တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်သစ်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မလေးရှားဝိုင်ကျေးရွာအုပ်စုရေစက် တောင်ရွာမကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ၌ ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီ ဝင်သစ် အဆိုပြုလွှာ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် စည်းရုံးရေးရာတာဝန်ခံ ဦးကျော်မင်း၊ မြို့နယ်အရန်ကော် မတီဝင်၊ နယ်မြေတာဝန်ခံ ဦးမြစိုး၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ပြီး ကျေးရွာပါတီဝင် သစ် အဆိုပြုလွှာများကို ကျေးရွာ ပါတီဥက္ကဋ္ဌမှပေးအပ်ကာ စည်းရုံး ရေးရာတာဝန်ခံ ဦးကျော်မင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)