ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် သင်တန်းကျောင်းခန်းမဆောင်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပသော စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်း အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အစုအဖွဲ့ခေါင်းဆောင်များမှ မိမိတို့တာဝန်ယူထားသည့် စာတမ်းခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးကာ လိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပါတီဒုတိယဥက္ကဋ္ဌများနှင့် ပါတီဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။