မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရွာဝင်လမ်းပြုပြင်ရန် ငွေလှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးလျက် ညောင်ဝိုင်းကျေးရွာမှ ပါတီဝင် များ တွေ့ဆုံပွဲနှင့် ရွာအဝင်လမ်းအတွက် ငွေလှူ ဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မအူပင် မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်း ကျေးရွာပါတီဝင် ဦးမြင့်ဌေး၏နေအိမ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစောသောင်းဒန်က ပါတီ၏ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းကိစ္စများအား ရှင်းလင်း ဆွေးနွေးခြင်း၊ ပါတီကော်မတီဝင်များက ကဏ္ဍ အလိုက်ဆောင်ရွက်မည့်ကိစ္စရပ်များ ရှင်းလင်းဆွေး နွေးခြင်း၊ ညောင်ဝိုင်းကျေးရွာ အဝင်လမ်းပြုပြင် ဆောင်ရွက်ရန်အတွက် အလှူငွေကျပ်ငါးသောင်း လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကျင်းပရာသို့ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ညောင်ဝိုင်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌဦးမြင့်ထွေးနှင့် ကျေးရွာပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)