ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်

 

ဖာပွန် မတ် ၁၉

ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကို ဖာပွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်ပါတီရုံး မူတြော် ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစော မြင့်ဦး၊ ပြည်နယ်ပါတီကော်မတီ ဝင် ဘဏ္ဍာရေးမှူး(ဖာပွန်မြို့နယ် တာဝန်ခံ)ဦးစောဝင်းထိန်၊ ခရိုင် ကော်မတီဝင် ဦးစောထွန်းလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစော ဇော်မင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီ ဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းသီဆို၍ဖွင့်လှစ်ပြီး ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ သည်။ ထို့နောက် ပြည်နယ်ပါတီ ကော်မတီဝင်(ဖာပွန်မြို့နယ်တာ ဝန်ခံ)ဘဏ္ဍာရေးမှူး ဦးစောဝင်း ထိန်က လမ်းညွှန်အမှာစကားပြော ကြားခဲ့သည်။ ဆက်လက်၍ ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ရပ်ကွက်/ကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများကို ချီးမြှင့်ခဲ့ပြီး ပြည်နယ်ပါတီ ကော် မတီဝင်(ဖာပွန်မြို့နယ်တာဝန်ခံ) ဦးစောဝင်းထိန်က လက်ဆောင် ပစ္စည်းများပေးအပ်ရာ မြို့နယ် ပါတီကော်မတီဝင် ဒေါ်နော်စာရား နှင့်ဦးဆန်းသောင်းကြည်တို့ကလက်ခံ ရယူ၍ အခမ်းအနားကို မွန်းလွဲ ၂နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။

ဇော်မင်းဦး(ဖာပွန်)