ဒေါပုံပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကြီး မှူး၍ (၇၃)ကြိမ်မြောက် တပ် မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်း တည့် ၁၂ နာရီက ဒေါပုံမြို့နယ် မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်ဒေါ်အေးအေးမြင့်၊ ဒေါပုံမြို့နယ် ပါတီဥက္ကဋ္ဌဦးလှမြင့် နှင့်ကော်မတီဝင်များ၊ မြို့နယ်အား ကစားမှူး ဦးကျော်စိုးအောင်၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘော လုံးအသင်း ၁၅သင်းမှ အားကစား သမားများ တက်ရောက်ကြသည်။

အစီအစဉ်အရဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီအတွင်း ရေးမှူးဦးသာဝင်းက အမှာစကား ပြောကြား၍ ပြိုင်ပွဲဝင်အားကစား အသင်းများကို လိုက်လံနှုတ်ဆက် ပြီး ပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ ဗိုလ်ထွန်းဇံ(က)အသင်းနှင့် ယမုံနာ (၂)အသင်းတို့စတင်ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)