ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲဆုရစာပေပညာရှင်များဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယဉ်ကျေးလိမ္မာသင်တန်းသားများအား အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး(အရှေ့ ပိုင်းခရိုင်) သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် ကြီးပွားရေးရပ် ကွက် ရတနာသိဒ္ဓိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းတက်ရောက်နေသော ကျောင်းသားကျောင်းသူလေးများ အားမုန့်နှင့်အချိုရည်များ လှူဒါန်း ခဲ့ကြသည်။ အဆိုပါသင်တန်းကို ကြီးပွားရေးရပ်ကွက် အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းက ကြီးမှူးကျင်းပခြင်းဖြစ် ပြီး ယခုလ၂ရက် မှ၉ရက်ထိနေ့စဉ် နံနက်၈နာရီမှ မွန်းတည့်၁၂နာရီထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်း သား၁ဝဝ၊ကျောင်းသူ၁ဝဝ ကျော် စုစုပေါင်း ၂ဝဝကျော်တက်ရောက် သင်ကြားခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ဆရာတော်ကြီးများအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်အတွင်း သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသော ဗဟိုဝန်ဆောင်၊ တိုင်းဝန်ဆောင်၊ မြို့နယ် သြဝါဒါစရိယ၊ မြို့နယ်သံဃမဟာနာယက သုဓမ္မာ/ ရွေှ့ကျင်၊ မြို့နယ်ဝိနည်းဓိုရ်နှင့် ရပ်ကွက်ဥက္ကဋ္ဌဆရာတော်များအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဧပြီ ၇ရက်မွန်းလွဲ ၁နာရီ တွင် ၈လမ်း ပုသိမ်ညွန့်ရပ်ကွက် ဓမ္မဇေယျာစာသင်တိုက်မုခ်ဦး ဓမ္မာရုံ၌ ကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းအလှူ ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ဦးဆွမ်းအလှူပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ မြန်မာနှစ်ဦးအလှူတော်နှင့် ကွယ်လွန်သူများအားရည်စူး၍ နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် သူရနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရ သံဃာတော် အရှင်သူမြတ်ငါးပါးတို့အားနေ့ဆွမ်း နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချတရားတော် များနာကြားသည်။ ထို့နောက်ဖိတ်ကြားထားသည့် ဧည့်သည်တော် များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး အား ယနေ့နေ့လည် ၁ နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြသည်။

ရှေ့ဦးစွာ အလုပ်သမားရေးရာတာဝန်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ လုပ်ငန်းလမ်းညွှန် အမှားစကား ပြောကြားခဲ့သည်။ဆက်လက်၍ ခရိုင်လေးခရိုင်မှ ရေးရာတာဝန်ခံများက မိမိတို့ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြခဲ့ကြသည်

လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံ ပေးအပ်ပွဲကျင်းပ


ရန်ကုန် ဧပြီ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်း၊ ခရိုင်၊ မြို့နယ်နှင့် လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပါတီဝင်များတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ဖောင်ကြီးအရှေ့ ကျေးရွာရှိ မဟူရာတောရကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း (အခမဲ့) ကွင်းဆင်းကုသ

 

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း ကွင်းဆင်းကုသရေးအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ (၄၆) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင် ရပ်ကွက်အတွင်း ခံတွင်းနှင့်သွားဝေဒနာရှင် ၃ဝ အား အခမဲ့ သွားနှင့်ခံတွင်း ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပန်ချီပြပွဲ လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ယဉ်ကျေး သင်္ကြန်ရေပက်ဖြန်းခြင်း နှစ်ဦးအကြိုမင်္ဂလာ ကျင်းပပြုလုပ်

ရန်ကုန် ၊ ဧပြီ ၅