မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာနှင့် စက်ချုပ်သင်တန်းများ ဆင်း အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း(၁/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း(၁/၂ဝ၁၈) ဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီ တွင် မင်္ဂတောင် ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားချီးမြှင့်ခဲ့သည်။

အခြေခံမော်တာနင်း အခမဲ့စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဖွင့်လှစ်

ကျောက်တန်း၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သောအခြေခံမော်တာနင်း အခမဲ့ စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံ

ရန်ကုန်၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဓနုတ်စံပြကျေးရွာ၌ပြုလုပ်ခဲ့ရာ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ပါတီ၏ချမှတ်ထား သည့် မူဝါဒလမ်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေး

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်သင်္ဃန်းကျွန်းမြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် ရပ်ကွက်နေ အများပြည်သူတို့၏ တောင်းဆိုမှု အရ ယမန်နေ့ ညနေ ၅ နာရီ မှ ၆ နာရီခွဲအထိ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးပက်ဖျန်းပေးခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ (၄၉)ရပ်ကွက်တွင် သွားနှင့်ခံတွင်းအခမဲ့ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာသွား နှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ (၄၉)ရပ်ကွက် အတွင်း သွားနှင့်ခံတွင်းဝေဒနာရှင် ၄၉ ဦးအား သွားနှင့်ခံတွင်းရောဂါ များကို ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့သည်။

အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးလူငယ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်အနောက်ပိုင်းခရိုင်ပြည် ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရ သည်။

ဖြိုးစေတနာမှ ပြည်သူများအားအခမဲ့ဆေးကုသဆောင်ရွက်ပေး

 

ရန်ကုန်မြောက်ပိုင်းခရိုင်လှည်း ကူးမြို့နယ် အနန့်ဘိုကုန်းကျေးရွာ ရှိ(၁၅)မိုင်ရွှေပြည်အေးစေတီတော် ရင်ပြင် ဂေါပကရုံးခန်းမ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးဆောင်ပြုလုပ်သော

‘ဖြိုးစေတနာ’နယ်လှည့်အထွေထွေရောဂါအခမဲ့ဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီဝင် ဒေါက်တာနေလင်း၊ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာ ရေးမှူး ဦးကြည်စိုး၊ ခရိုင်ကော်မတီဝင် ဦးဝင်းစိုး၊ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် ကော်မတီဝင်များ၊ ဆရာဝန်၊ သူနာပြု ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့မှ အနီး ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ကဆုန်လပြည့်နေ့၌ ကုသိုလ်ဖြစ် အခမဲ့ဆေးဝါးကုသမှုကို ယနေ့နံနက် ၉ နာရီမှစတင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။