မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာနှင့် စက်ချုပ်သင်တန်းများ ဆင်း အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း(၁/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း(၁/၂ဝ၁၈) ဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီ တွင် မင်္ဂတောင် ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က သင်တန်းဆရာမ ဒေါ်နိုင်နိုင်ဝင်း အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသူများက သင်တန်းဆရာမအား ဂုဏ်ပြု လက်ဆောင်ပေးခဲ့ကြသည်။
ဆက်လက်၍ လူငယ်လေ့လာရေးခရီးစဉ်စာတမ်းဆုကို မောင်ရဲရင့်ဦးအားပေးအပ်ခဲ့ပြီး ခရိုင် ကော်မတီဝင် ဒေါ်လဲ့လဲ့အေးကသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန် မေ ၈