အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးလူငယ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်အနောက်ပိုင်းခရိုင်ပြည် ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရ သည်။

အစီအစဉ်အရ အရန်ပါတီဗဟို ကော်မတီဝင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းက အမှာစကားပြောကြား ရာတွင်NVC ကတ် ထုတ်ပေး သည့်ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂါလီ များအား NVC ကတ်ပြား ကိုင် ဆောင်၍ ခရီးသွားလာရာတွင် သတ်မှတ်ထားသောကန့်သတ်ချက် များအား လျှော့ချခြင်းအတွက် ပွင့်လင်းမြင်သာစွာရှိရေးကိစ္စများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ဆက်လက်၍ စာတမ်းပြုစုရန်အဖွဲ့များ ဖွဲ့စည်း ကြသည်။
ထို့နောက် တက်ရောက်လာ သည့် မြို့နယ်ပါတီဥက္ကဋ္ဌများက ပြန်လည် တင်ပြဆွေးနွေးကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)