အခြေခံမော်တာနင်း အခမဲ့စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဖွင့်လှစ်

ကျောက်တန်း၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သောအခြေခံမော်တာနင်း အခမဲ့ စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စက်ချုပ်သင်တန်းမှ နည်းပြဆရာမများနှင့် မော်တာစက် အခမဲ့ကူညီပေးသော ဦးလှဝင်းတို့က မိတ်ဆက်ကြပြီး သင်တန်းသူ ၆၆ ဦး တက်ရောက်ကြသည့် သင်တန်းကာလ မှာ ခုနစ်ရက်ကြာ ဖွင့်လှစ်ပေးပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျောက်တန်း