ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ (၄၉)ရပ်ကွက်တွင် သွားနှင့်ခံတွင်းအခမဲ့ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာသွား နှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ (၄၉)ရပ်ကွက် အတွင်း သွားနှင့်ခံတွင်းဝေဒနာရှင် ၄၉ ဦးအား သွားနှင့်ခံတွင်းရောဂါ များကို ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကုသရေး အဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ် ကွက်များသို့ တစ်လလျှင် နှစ်ကြိမ် ကွင်းဆင်းကုသမှုဆောင်ရွက်ပေးခဲ့ ရာ ရပ်ကွက်ပေါင်း ခြောက်ရပ် ကွက်တွင် ဝေဒနာရှင် ၂၁၉ ဦးကို ကုသမှုဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ကွင်းဆင်းကုသမှုဆောင်ရွက် ရာသို့ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်း ရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်ထင်၊ ဦးမင်း ဇော်ဦး၊ ဦးမြင့်ဦး၊ ဒေါက်တာဇော် လင်းပြုံးနှင့် သွားဆရာဝန် ဒေါက် တာခိုင်ဇင်အောင်၊ ရပ်ကွက်ပါတီ ကော်မတီဥက္ကဋ္ဌ ဒေါ်ချိုချိုလှိုင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်နှင့် အဖွဲ့များက ပါဝင်ကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တင်ဆန်းအောင်