သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

ရန်ကုန် ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသ ကြီး၊ခရိုင်၊မြို့နယ်၊ရပ်ကွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်ဦးကျင်ဝင်းနှင့် ဦးသိန်းအောင်တို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်နယ်တာဝန်ခံ ဦးသောင်းအေး၊ ရဲနွဲ့ကျေးရွာပါတီ ဝင်များနှင့်အတူ ရဲနွဲ့ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမင်းဇော်- ဒေါ်ခင်အေးခိုင်တို့၏သား မောင်ရှိုင်းထက်အောင်(၂ဝ၁၈တက္ကသိုလ် ဝင်တန်းအောင်)အား ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၅ဝဝဝဝကို နေအိမ်သို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံ

 

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက တိုင်းပါတီကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်စွမ်းရည်မြှင့်သင်တန်းပို့ချ

 

ရန်ကုန် ဇွန် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယခုလ ၁၈ ရက်မှ ယနေ့အထိဖွင့်လှစ်လျက်ရှိသည့် လူငယ်စွမ်းရည်မြှင့်သင်တန်းတွင် ပါတီဝင်လူငယ်များ အသိပညာနှင့်စည်းရုံးရေးစွမ်းရည်မြင့်မားစေရန်အတွက် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပြင်ပအတတ်ပညာရှင်များက သင်ခန်းစာများပို့ချလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခွဲက ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေသင်ခန်းစာများပို့ချပေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အလံနှင့်ဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ခရိုင်ပါတီ ကော်မတီများသို့ ပြည်ခိုင်ဖြိုးဝတ်စုံနှင့် ပါတီအလံပေးအပ်ပွဲကို ယမန် နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

မင်္ဂလာဒုံတွင်ပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှမင်္ဂလာ ဒုံမြို့နယ် ပလရရပ်ကွက် ကြူစမ်း ရွာမ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ကွယ်လွန်သည့်အတွက် ထောက်ပံ့ ငွေများအားယမန်နေ့ကမြို့နယ်ပါတီ မှ ကော်မတီဝင် ဦးကျော်သန်း၊ ဦးဝင်းသန်းနှင့် နယ်မြေတာဝန်ခံ ဦးမြင့်ကျော်၊ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များမှ ကွယ်လွန် သူ၏မိသားစုဝင်များအား တစ်ဦး လျှင် ကျပ်နှစ်သိန်းစီ သွားရောက် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ပါတီရုံး၌ ရခိုင်အရေးဆွေးနွေးပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံ့တေးမြို့နယ် မြို့နယ်ပါတီရုံး၌ ရခိုင်အရေး ဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်
အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အစီအစဉ်အရ ယနေ့ဖြစ်ပေါ်လျှက်ရှိသော ရခိုင်အရေးနှင့် ပက်သက်၍ စာရေးဆရာ မောင်စေတနာ BA,BED နှင့် စာရေးဆရာ ဦးမင်းကိုမြင့် (မြောင်းမြ) တို့မှ အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁ နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြောင်း၊ ၄င်း အခမ်းနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး စာရေးဆရာများ မြို့နယ်ဥက္ကဌ ဒေါက်တာသိန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က မြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားရာ ယနေ့နိုင်ငံမှာ လတ်တလောဖြစ်ပျက်နေသော အကြောင်းအရာ များနှင့်စပ်လျဉ်းပြီး ပါတီဝင်များ ပိုမိုနားလည်သိရှိနိုင်ရန်ရည်ရွယ်လျက် ယခုတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရကြောင်းပြောကြားကာ စာရေးဆရာနှစ်ဦးဖြစ်သော မောင်စေတနာ(ပခုက္ကူ)နှင့် မင်းကိုမြင့် (မြောင်းမြ)တို့နှင့်မိတ်ဆက်ပေးခဲ့သည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အလှူတော်ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ ယနေ့ နံနက် ၁ဝ နာရီခွဲက ဥက္ကံမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ရှစ်နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ် ပတ်လည် အလှူတော်အခမ်းအနား အဖြစ်ဘိုးဘွားများအားနေ့လယ်စာ ကျွေးမွေးလှူဒါန်းပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ရိပ်သာရှိဘိုးဘွား များနှင့် ပြည်ခိုင်ဖြိုးပါတီမိသားစု များက သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကာ သံဃာ တော်အရှင်သူမြတ်များထံမှ ငါးပါး သီလကို ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားများ နာကြားခဲ့ သည်။

ကျောင်းများတွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် တာဝန်ခံဦးသိန်းကျော်အောင်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌဦးခင်ဝင်း၊ အတွင်းရေးမှူးဦးခင်မောင်ဝင်း၊ ဘဏ္ဍာရေးမှူးဦးဇင်မင်း ထွန်း၊ မြို့နယ်ရွှေဆိပ်ကမ်းလူငယ်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် (၁၆၈)ရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) မူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးမဖြစ်စေရန် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းအား ဇွန် ၁ဝ ရက် နံနက် ၈နာရီမှစတင်၍ ၁၁ နာရီ မိနစ် ၂ဝအထိ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။