အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ၁နာရီက အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကျင်းပခဲ့သည်။

အစီအစဉ်အရ ဆွေးနွေးပွဲတက် ရောက်လာသူများက နိုင်ငံတော် သီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်း အနားစတင်ဖွင့်လှစ်သည်။ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်က အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားသည်။

အနာဂတ်မြန်မာနိုင်ငံတော်အရေးဆွေးနွေးပွဲ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် မြို့နယ်ပြည်ခိုင် ဖြိုးပါတီရုံး၌ ယနေ့မွန်းလွဲ ၁ နာရီ မှစတင်ကာ အနာဂတ်မြန်မာနိုင်ငံ တော်အရေးဆွေးနွေးပွဲ ကျင်းပခဲ့ သည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြ ပြီး ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်းက အဖွင့်အမှာစကားပြော ကြားပါသည်။

ရွှေပြည်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကျင်းပ

 

ရန်​ကုန်​တိုင်း​ဒေသကြီး(​မြောက်​ပိုင်း)ခရိုင်​​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးခန်းမတွင်​ယ​နေ့မွန်းလွဲ၁နာရီကနိုင်​ငံ​ရေး​ဆွေး​နွေးပွဲကိုအင်​အား၁၀၀​ကျော်​ဖြင့်​ကျင်းပခဲ့သည်​။
အဆိုပါအခမ်းအနားသို့ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​အတွင်း​ရေးမှူးဦးမျိုး​ဇော်​-​​ရွှေပြည်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​​ကော်​မတီဝင်​များ-ရပ်​​ကျေးဥက္ကဌများနှင့်​ရပ်​​ကျေး​ကော်​မတီဝင်​များ- ​ရွှေပြည်​သာမြို့နယ်​စာ​ရေးဆရာများအသင်းဥက္ကဌဦးညီ​မေတ္တာ(အမရပူရ)နှင့်​တကွစိတ်​ပါဝင်​စားကြသည့်​ပြည်​သူများတက်​​ရောက်​ခဲ့ကြသည်​။

အစီအစဉ်​အရအခမ်းအနားကိုနိုင်​ငံ​တော်​သီချင်းဖြင့်​သီဆိုဖွင့်​လှစ်​ပြီးခရိုင်​အတွင်း​ရေးမှူးဦးမျိုး​ဇော်​ကအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီးယခုဖြစ်​​ပေါ်​နေ​သောနိုင်​ငံ​ရေးကိစ္စများနှင့်​ပတ်​သက်​၍မြို့နယ်​ဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​စာ​ရေးဆရာအသင်းဥက္ကဌဦးညီ​မေတ္တာ(အမရပူရ)တို့က​ဆွေး​နွေးချက်​များကိုကဏ္ဍအလိုက်​တစ်​ဦးစီသီးခြား​ဆွေး​နွေးခဲ့ကြပြီး၎င်း​ဆွေး​နွေးချက်​များအ​ပေါ်မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​မှပြန်​လည်​​ဖြေရှင်း​ပြောကြားသည်​။
ထို့​နောက်​​ဆွေး​နွေးချက်​များကိုသ​ဘောထားထုတ်​ပြန်​ကာဇာတိမာန်​သီချင်းဖြင့်​သီဆိုကာအခမ်းအနားကို​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်​။


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

မှော်ဘီ၊ဇွန်၃၀

မှော်ဘီမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး
ဆွေးနွေးပွဲကိုယနေ့ ဇွန်လ ၃၀ ရက် နံနက်(၉)နာရီတွင်မြို့နယ်ပါတီရုံးခန်းမ၌ကျင်းပခဲ့သည်။အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်းနှင့်နိုင်ငံတော်သီချင်းသီဆိုကာအခမ်းအနားဖွင့်လှစ်ခဲ့သည်။အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင်ဒေါက်တာနေလင်း၊တိုင်းပါတီနာယက၊ပထမအကြိမ်(မှော်ဘီမြို့နယ်)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်၊မြောက်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးဇော်နှင့်ခရိုင်ကော်မတီဝင်ဦးဝင်းစိုး၊မှော်ဘီမြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊စာရေးဆရာ အမတ်ဒိန် နှင့်စာရေးဆရာ ဦးထွန်းလှိုင်(မြိုင်) နှင့်မှော်ဘီမြို့နယ်မှ ပါတီဝင် အင်အား ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
#Phyowailinn


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၂၉.၆.၂၀၁၈ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်ရုံးခွဲတွင်ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးဦးဆောင်၍ ပြောရေးဆိုခွင့်ရှိသဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့မှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲအား ပြလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် နယ်မြေခွဲတာဝန်ခံ ကွင်းဆင်းထိတွေ့

 

ရန်ကုန် ဇွန် ၂၉

ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် နယ်မြေတာဝန်ခံ ဦးတင်အောင်မှ မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များ၂၀၂၀ ပါတီအောင်နိုင်ရေးအခြေအနေနှင့် အင်အားတိုးတက်မှု နှစ်စဉ်ကြေး ပါတီဝင်ကြေးကေါက်ခံမှု မြိုနယ်ပါတီကော်မတီများ နယ်မြေအလိုက် ကွငိးဆင်းဆောင်ရွက်မှုအခြေအနေများ တွေဆုံညှိနှိုင်းလမ်းညွန်မှုပြုပြီး မြို့နယ်အတွင်းရေးမှုးနှင့် ကော်မတီများမှ ရေးရာအလိုက် ဆောင်ရွက်ထားမှုများအား တင်ပြကြပြီးလိုအပ်ချက်များအား ဗဟိုကော်မတီနယ်မြေတာဝန်ခံမှ ဖြည့်စွက်မှာကြားပြီး လုပ်ငန်ညှိနိုင်းအစည်းအဝေးအား နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် ပြီးမြောက်ပါသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအလံအသစ်တင်ပွဲအခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

 

ရန်ကုန် ဇွန် ၂၇

ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အောင်လံသစ်လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်တွင် ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ထူခဲ့ကြပါသည်။ အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ ပြည်နယ်ကော်မတီ ဦးထွန်းအောင်ခိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ပါတီရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


တောင်ဥက္ကလာပမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေး နွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော အမျိုးသမီးထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များအား ပြန်လည်ကူညီပံ့ပိုးမှုများပေး၍ အားပေးစကားပြောကြားခဲ့

 

ရန်ကုန် ဇွန် ၂၇

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော မြို့နယ်လုံးဆိုင်ရာ အမျိုးသမီးထု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သည် မြို့နယ်အတွင်းရှိ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် နွမ်းပါးသောကိုယ် ဝန်ဆောင်မိခင်များ၊မသန်စွမ်း ကလေးသူငယ်များကို လစဉ်ကူညီ ထောက်ပံ့ပေးမှုများရှိခဲ့ရာ ယနေ့ ညနေတွင်လည်း အမျိုးသမီးကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်သား ဖွားခါစမိခင်နှင့် နောက်ထက်အဖွဲ့ ဝင်တစ်ဦး၏ မိခင်နာရေးကိုပြည် ခိုင်ဖြိုးပါတီအရှေ့ပိုင်းခရိုင်ဘဏ္ဍာ ရေးမှူးဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့်မြို့နယ်ကော် မတီဝင်များ၊အမျိုးသမီးထုအဖွဲ့ဝင် များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော် မတီဝင်များဖြင့် သွားရောက်ကြည့် ရှုကာ ကူညီပံ့ပိုးမှုများပေး၍ အား ပေးစကားပြောကြားခဲ့သည်။