အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ၁နာရီက အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကျင်းပခဲ့သည်။

အစီအစဉ်အရ ဆွေးနွေးပွဲတက် ရောက်လာသူများက နိုင်ငံတော် သီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်း အနားစတင်ဖွင့်လှစ်သည်။ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်က အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီ ဝင်ဦးတင်လှိုင်ကယနေ့မြန်မာနိုင်ငံ တော်ကြီး၏အနေအထားမှာကံဆိုး နေသည်ဟုပြော၍ရကြောင်းရေဘေး မီးဘေး သဘာဝဘေးအန္တရာယ် များစွာကြုံတွေ့နေရကြောင်း၊ စား ဝတ်နေရေး အဆင်မပြေမှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်များကို ပြည်သူအများခါးစည်းခံနေရကြောင်း၊ သွားရေးလာရေးများမှာလည်း အခက်အခဲများစွာကြုံတွေ့နေရ ကြောင်း၊ အထူးအားဖြင့်ပြောကြား လိုသည်မှာ အမျိုးသားနိုင်ငံရေး ပြိုလဲပျက်စီးစပြုနေပြီဟုဆိုချင်ပါ ကြောင်း၊ ပြည်ထောင်စုကြီးပြိုကွဲ သွားတော့မည့် အရိပ်လက္ခဏာများ မြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ ထိုထိုသောအကြောင်းတရားများ ကြောင့် ယနေ့မြန်မာ့နိုင်ငံရေးအခြေ အနေဖြစ်ရပ်အမှန်များကို ယနေ့ တက်ရောက်လာကြသော ပါတီဝင် ထုနှင့်အမျိုးသားရေးအင်အားစုများ အသိနောက်မကျစေဖို့ ယခုလို အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများ ကို နိုင်ငံအနှံ့ကျင်းပနေခြင်းဖြစ် ကြောင်း၊ မိမိတို့ပါတီဝင်များကို လည်း အမျိုးသားရေးအင်အားစု ပါတီကြီးဖြစ်ပါစေဟု ဆုတောင်း ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီနာယက လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးမောင်မောင်စိုးကလက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်အမျိုးသမီးရေးရာ အဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်မော် က ရခိုင်ပြည်နယ်အရေးကို ဥပဒေ ရေးရာရှုထောင့်အမြင်များ သမိုင်း ကြောင်းနောက်ခံများဖြင့် အကျယ် တဝင့်ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြ သူများက သိလိုသည်များကို ဆွေး နွေးမေးမြန်းကြရာပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင်လှိုင်က မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲသို့ ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင်များဖြစ် ကြသော ဦးတင်လှိုင်၊ ဒေါ်စန်းစန်း ဝင်း၊ ပါတီနာယက လွှတ်တော် ကိုယ်စားလှယ်(ငြိမ်း) ဦးမောင် မောင်စိုး၊ အရှေ့ပိုင်းခရိုင် ပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ(ယာယီ)ဥက္ကဋ္ဌ ဦးခင်မောင် ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ အမျိုးသားရေးစိတ်ဝင်စားသူများ၊ ဖိတ်ကြားထားသူများတက်ရောက် ခဲ့ကြပြီးအမျိုးသားနိုင်ငံရေးဆွေးနွေး ပွဲကို မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)