မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအလံအသစ်တင်ပွဲအခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

 

ရန်ကုန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ယနေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီအလံအသစ်တင်ပွဲ အခမ်းအနားကို မင်္ဂလာအချိန်တွင် နိုင်ငံတော်သီချင်းသီဆို၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး ပြည်ခိုင်ဖြိုးပါတီအလံအသစ်အား အလေးပြုကြပါသည်။ နံနက် ၉ နာရီ ၂၀ အချိန်တွ င်ပြည်ခိုင်ဖြိုးပါတီအလံသစ်တင်ပွဲ ပြီးမြောက်ခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံရေးဆွေးနွေးပွဲအား မြို့နယ်ပါတီရုံးခန်းမတွင် အင်အား (၁၁၀) ဦးဖြင့် ဆက်လက်ဆောင်ရွက်ရာ မြောက်ဥက္ကလာပမြို့နယ် ပါတီဥက္ကဌ ဦးခင်မောင့်မြင့်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဆွေးနွေးပြောကြားပြီး စာရေးဆရာ ဦးဘိုသိန်း (တောင်တွင်း) ၊ စာရေးဆရာ ဒေါက်တာစိုးမင်းတို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသော ပြည်သူများ၊ မြိုနယ်ပါတီကော်မတီများ၊ ရပ်ကွက်ပါတီကော်မတီများမှ ယနေ့နိုင်ငံရေးအခြေအနေများ သိလိုတာများ မေးမြန်းကြရာ စာရေးဆရာ ဒေါက်တာစိုးမင်းက ပြန်လည် ရှင်းလင်းဖြေကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် ဘဏ္ဍာရေးမှူး ဦးသန်းထိုက်တို့က စာရေးဆရာများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ အခမ်းအနားအား နံနက် ၁၁ နာရီခွဲတွင် အစီအစဉ် ပြီးမြောက်ခဲ့ပါသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)