အနာဂတ်မြန်မာနိုင်ငံတော်အရေးဆွေးနွေးပွဲ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် မြို့နယ်ပြည်ခိုင် ဖြိုးပါတီရုံး၌ ယနေ့မွန်းလွဲ ၁ နာရီ မှစတင်ကာ အနာဂတ်မြန်မာနိုင်ငံ တော်အရေးဆွေးနွေးပွဲ ကျင်းပခဲ့ သည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြ ပြီး ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်းက အဖွင့်အမှာစကားပြော ကြားပါသည်။

အစီအစဉ်အရ ယနေ့ဖြစ်ပေါ် လျက်ရှိသော မြန်မာ့နိုင်ငံရေးအခြေ အနေများနှင့်စပ်လျဉ်းကာ အနာ ဂတ် မြန်မာနိုင်ငံတော်အရေးအား စာရေးဆရာအမတ်ဒိန်နှင့် ဦးထွန်း လှိုင်(မြိုင်)တို့က အကျယ်တဝံ့ ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာ သော အမျိုးသားနိုင်ငံရေးကို စိတ် ဝင်စားသူများထဲမှ သိရှိလိုသော မျက်မှောက်နိုင်ငံရေးအခြေအနေ များအား အသီးသီးမေးမြန်းကြရာ ဗဟိုကော်မတီဝင်နှင့် စာရေးဆရာ များက ရင်းနှီးပွင့်လင်းစွာ ပြန် လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်မြင့်က ယနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကျေးဇူး တင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာသူများ၏ ဆန္ဒ သဘောထားများ အပြန်အလှန်ရယူ ပြီး တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီနိုင်ငံရေးဆွေးနွေးပွဲ သဘော ထားကြေညာချက်အား ဖတ်ကြား သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်းကယနေ့ကျင်းပသည့်နိုင်ငံ ရေးဆွေးနွေးပွဲအကြောင်းအရာ များနှင့်ဆက်စပ်လျက် တစ်ဦးချင်း စီက မိဘလုပ်သားပြည်သူများထံ သိရှိနားလည် သဘောပေါက်ကြ စေရန် ထပ်ဆင့်ရှင်းလင်းပြောကြား ဖို့လိုအပ်ပါကြောင်းနှင့် အနာဂတ် မြန်မာနိုင်ငံတော်အရေးအတွက် နိုင်ငံရေးဖြစ်စဉ်များကို မျက်ခြည် မပြတ် စောင့်ကြည့်လေ့လာဖို့ နိဂုံး ချူပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီ တိုင်းပါတီနာယက ဦးကြည်မြင့်၊ ဗဟိုကော်မတီဝင်၊ တိုက်ကြီးမြို့နယ်တာဝန်ခံ ဒေါက် တာ နေလင်း၊ မြောက်ပိုင်းခရိုင် အတွင်းရေးမှူးဦးမျိုးဇော်၊ ခရိုင် ကော်မတီဝင် မြို့နယ်တာဝန်ခံ ဦးဝင်းစိုး၊ ဦးကျော်စိုးဝင်း၊ တိုက် ကြီးမြို့နယ် ပါတီနာယကဦးဟန် စိန်၊ စာရေးဆရာများဖြစ်ကြသော အမတ်ဒိန်၊ ဦးထွန်းလှိုင်(မြိုင်)၊ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ် ကော်မတီဝင်၊ အရန်ကော်မတီဝင် များ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာအုပ်စုဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ စသည့် အမျိုးသားနိုင်ငံရေးစိတ် ပါဝင်စားသူ စုစုပေါင်းအင်အား ၁၅ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။

တင်မောင်ဇော်(တိုက်ကြီး)